အပိုင်း ၂၁၄ (စာစဉ် ၁၅ အပိုင်း ၄)

685 80 1
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၁၄ (စာစဉ် ၁၅ အပိုင်း ၄)
အနာဂတ်၏ သူရဲကောင်းများ

ကျင်းချူ၏ နောက်ကျောကို ကြည့်ရင်း ချန်ချန် တွေးနေမိသည်။ 'ဒီလူက ဘာလုပ်ချင်နေတာလဲ? ကျိုးရန်လုံကို ဆန့်ကျင်ဖို့ ငါ့ကို ထောက်ခံပေးနေတာလား? ဒါက အဓိပ္ပာယ်မရှိဘူး'
ရိုးရိုးသားသားပြောရလျှင် ကျိုးရန်လုံသည် သူ့ဟာနှင့်သူ အစွမ်းထက်ပြီး အရည်အချင်းရှိသော‌်လည်း သူနှင့်ရင်ဆိုင်ရန် ယခုလိုပြုလုပ်ရန် မထိုက်တန်ပေ။
ခနတာတိတ်ဆိတ်နေပြီးနောက် ချန်ချန်က သူသည် တိုင်းပြည်နှစ်ခု၏ တပ်မှူးဖြစ်လာသည့်အကြောင်းကို ကျိုးရန်လုံအား ပြောပြရန် ဆုံးဖြတ်လိုက်သည်။
ယခု မိစ္ဆာကလန်ခေါင်းဆောင်သည် သူ့လက်အောက်လူဖြစ်လာသဖြင့် သူ ဘဝင်ခိုက်စွာ ပြုမူနိုင်လေပြီ။

"အိုး......ငါ သိပြီ"
ထိုသတင်းကို ကြားပြီး ကျိုးရန်လုံက ရိုးရှင်းသော အဖြေလေးသာ ပြန်ပို့လာသော်လည်း သူ၏ ဒေါသထွက်နေမည့်ပုံစံကို ချန်ချန် မြင်ယောင်မိ၏။
သူက ကလန်ခေါင်းဆောင်ဖြစ်သော်လည်း လူငယ်ကလန်ခေါင်းဆောင်၏ လက်အောက်ငယ်သား ဖြစ်နေသည်။
ကျိူရန်လုံသည် အလွန်အမင်းမာနကြီးပြီး ၎င်းကို သည်းခံမည်မဟုတ်ပေ။

"လူအိုကြီးကျိုး ခင်ဗျားနဲ့ ကျုပ်နဲ့ ကြားက ဆက်ဆံရေးအကြောင်း ဘာမှ ပြောစရာမလိုဘူး ခင်ဗျား ကျုပ်ကို တွေ့တဲ့အခါ အရင်ကလိုပဲ ယဉ်ကျေးစရာ မလိုသလို အရိုအသေပေးဖို့လည်း မလိုဘူး ကျုပ်က အရာရှိဖြစ်လာတာနဲ့ ပြဿနာရှာတဲ့ လူစားမျိုးမဟုတ်ဘူး"
ကျိုးရန်လုံက တိတ်ဆိတ်နေစဉ် ချန်ချန်က တိတ်တဆိတ်ချေမိုးနေ၏။
ခနကြာပြီးနောက် ကျိုးရန်လုံက သူ့ကို ဘာမှပြန်မပြောသဖြင့် ချန်ချန် ရွေးချယ်စရာမရှိဘဲ ‌စကားလမ်းကြောင်းပြောင်းလိုက်တော့သည်။
"လူအိုကြီးကျိုး မဟာရှက ခင်ဗျားရဲ့ ရန်သူတော်ကြီး ကျင်းဝမ်ရော? အခုလို ကျုပ်ကို ခင်ဗျားထက်အဆင့်မြင့်သွားအောင် လုပ်တာ သူလို့ ထင်လား? သူက ကျုပ်ကနေတစ်ဆင့် ခင်ဗျားကို ဖိနှိပ်ဖို့ ကြိုးစားနေတာလား?"

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Nơi câu chuyện tồn tại. Hãy khám phá bây giờ