အပိုင်း ၂၀၆ (စာစဉ် ၁၄ အပိုင်း ၁၁)

666 67 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၀၆ (စာစဉ် ၁၄ အပိုင်း ၁၁)
တိုက်ခိုက်မှု

နောက်တစ်နေ့တွင် အကိုက်အခဲပျောက်ဆေးအချို့ကို ‌ပို့ပေးလိုက်ပြီး မဟူရာအင်မော်တယ်ဂိုဏ်း၏ ကျင့်ကြံသူများစွာသည် အရေအတွက်များစွာ သန့်စင်ပေးရန် တောင်းဆိုလာကြသည်။
ချန်ချန်သည် စိတ်ထဲထားမနေဘဲ မဟူရာအင်မော်တယ်ဂိုဏ်း၏ ကျင့်ကြံသူများဆီသို့ ဆေးလုံးများ နေ့တိုင်းပို့နေကာ သူတို့၏ သတိထားမှုကို လျော့ကျသွားစေ၏။
အခြားတစ်ဖက်တွင် သူသည် စိတ်ဝိညာဉ်ပုံစံသိပ်သည်းခြင်းဆေးလုံးသန့်စင်ခြင်းကို အရှိန်လျော့ချရန် ယုဟိုကို ညွှန်ကြားနေခဲ့သည်။

သူ မသိလိုက်ခင် ငါးရက်တာ ကုန်ဆုံးသွားသည်။

"ဂျူနီယာညီလေး စိတ်ဝိညာဉ်ပုံစံသိပ်သည်းခြင်းဆေးလုံးက မကြာခင် အဆင်သင့်ဖြစ်တော့မယ်"
ဆက်သွယ်ရေးအဆောင်မှတစ်ဆင့် ယုဟိုဆီမှ စာတစ်စောင် ရောက်လာ၏။
ချန်ချန် အနည်းငယ် မျက်မှောင်ကြုတ်ပြီး ခနအကြာတွင် ယုဟိုဆီသို့ ပျံသန်းသွားလေတော့သည်။

ထိုအချိန်တွင် ယုဟိုသည် စိတ်ဝိညာဉ်ပုံစံသိပ်သည်းခြင်းဆေးလုံးကို သန့်စင်ရာတွင် နောက်ဆုံးအဆင့်သို့ ရောက်နေလေပြီ။ မဟူရာအင်မော်တယ်ဂိုဏ်းခေါင်းဆောင်နှင့် မဟာအကြီးအကဲတို့သည် ထိုနေရာတွင် ရှိနေကြပြီး သူတို့မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားမှုဖြင့် ဆေးလုံးကို ကြည့်နေသည်။
ချန်ချန်သည် ဆေးလုံးများက သူတို့စိတ်လှုပ်ရှားနေရသော အရာတစ်ခုသာ မဟုတ်ကြောင်း ခံစား‌မိ၏။
ဆေးမီးဖိုထဲမှ ညင်သာသော အသံတစ်ခု ထွက်ပေါ်လာပြီး ယုဟို၏ လက်တစ်ချက်အဝေ့တွင် သိပ်သည်းသော စိတ်ဝိညာဉ်စွမ်းအင်များ ထုတ်လွှတ်နေသည့် စိမ်းပြာရောင်ဆေးလုံးများသည် ယုဟို၏ လက်ထဲတွင် ပေါ်လာသည်။

"တကယ့်ကို အဆင့်မြင့်အဆင့် စိတ်ဝိညာဉ်ပုံစံသိပ်သည်းခြင်းဆေးလုံးပဲ!"
သူ့လက်ထဲမှ ဆေးလုံးကို ကြည့်ပြီး ယုဟို ပျော်ရွှင်သွားကာ မဟူရာအင်မော်တယ်ဂိုဏ်းခေါင်းဆောင်တို့ဘက်သို့ လှည့်လိုက်သည်။
"ကြင်နာမှုက ရောင်ပြန်ဟပ်ပါတယ်! ခင်ဗျားတို့နှစ်ယောက် ကံကောင်းတာပဲ!"

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Where stories live. Discover now