အပိုင်း ၂၂၈ (စာစဉ် ၁၆ အပိုင်း ၃)

539 65 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၂၈ (စာစဉ် ၁၆ အပိုင်း ၃)
ပင်လယ်ထဲမှာ အန္တရာယ်တွေ အများကြီးရှိတာပဲ

'ဘဝဆိုတာ ပြဇတ်တစ်ခုလိုပဲ လူတွေက နေ့တိုင်း ဒီဇာတ်ခုံပေါ်မှာ ကပြနေကြရတယ် ဒီလူတွေက မလွယ်ဘူး ငါ ဒုက္ခရောက်ပြီလား?'
ချန်ချန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူ့ယခင်ဘဝတွင် အခြေအနေအရ လှုပ်ရှားကြသော ကောက်ကျစ်သည့် ကုန်သည်များအကြောင်း ဝတ္ထုတစ်ချို့ကို သူ ဖတ်ဖူးခဲ့သည်။
ကြွယ်ဝပြီး လှည့်စားလွယ်သူများနှင့် တွေ့လျှင် သူတို့က ထိုလူများ၏ ပိုက်ဆံများကို လုယက်ရုံသာမက သတ်ပင်သတ်ပစ်သည့် ရက်စက်သော နည်းလမ်းများကို အသုံးပြုကြ၏။
ဆင်းရဲသူများနှင့် တွေ့လျှင် သူတို့က အလွတ်ပေးလိုက်ပေမည်။
'သူတို့က ဒီနေရာမှာ အဲ့ဒီလိုမျိုး လုပ်နေကြတာလား?'
သို့သော်လည်း သူ ထပ်မံတွေးကြည့်သောအခါ ထိုသို့မယူဆနိုင်တော့ချေ။
'ဒီအဆင့်နိမ့်ကျင့်ကြံသူတစ်စုက ဘာလုပ်နိုင်မှာလဲ? ဘယ်သူ့ကို သူတို့ တိုက်ခိုက်နိုင်မှာလဲ? ငါ့ကို လုယက်ဖို့လား? သူတို့ အဲ့ဒီလိုမလုပ်နိုင်ခင် ဘာဖြစ်သွားမယ်ဆိုတာကို သူတို့ သိနေမှာပဲလေ'

ချန်ချန် သူ့ခေါင်းကို ခါလိုက်သည်။ တကယ်ဆို သူက အတွေ့အကြုံသိပ်မရှိဘဲ လောကကြီးအကြောင်းကို ကောင်းကောင်း နားမလည်သေးသော လူငယ်လေးတစ်ယောက်ပင်။
ဤအဆင့်နိမ့်ကျင့်ကြံသူတစ်စုက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူဖြစ်သော သူ့ကို ရင်ဆိုင်ရန် မည်သည့်စီစဉ်မှုများ ပြုလုပ်ထားသည်ကို နတ်ဘုရားများသာ သိပေလိမ့်မည်။
ချန်ချန် မည်သည့်အန္တရာယ်မျှ မကြုံချင်သလို အသိတရားမရှိသူများ၏ လက်ထဲတွင် သူ့ကိုယ်သူ အထိခိုက်မခံနိုင်ပေ။
'ငါ ဘာမှ ထပ်တွေးမနေတော့ဘူး ထွက်သွားလိုက်တာပဲ ပိုကောင်းတယ်!'
စိတ်ထဲတွင် ထိုအတွေးဖြင့် ချန်ချန် မတ်တပ်ရပ်ကာ အမျိုးသမီးကျင့်ကြံသူကို ပြောလိုက်သည်။ "ကိစ္စတစ်ခု ရုတ်တရက် ပေါ်လာလို့ ငါ ထွက်သွားရမယ်"

အမျိုးသမီးကျင့်ကြံသူသည် သူ့စကားကြောင့် ရုတ်တရက် ထိတ်လန့်သွားပြီး အလောတကြီး မေးလိုက်သည်။ "ဘာက အရမ်းအရေးကြီးနေလို့လဲ စီနီယာ? ဒီနေရာမှာ ကျွန်းတစ်ချို့ ရှိတယ် စီနီယာလမ်းပျောက်သွားရင် အဆင်မပြေဖြစ်လိမ့်မယ်"

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Hikayelerin yaşadığı yer. Şimdi keşfedin