အပိုင်း ၂၄၇ (စာစဉ် ၁၇ အပိုင်း ၇)

458 66 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၄၇ (စာစဉ် ၁၇ အပိုင်း ၇)
ဘိုးဘေးပြန်လှည့်ခြင်းသွေး

သတ်ဖြတ်ခြင်းခုနစ်ပါးမိစ္ဆာသခင်သည် သူ့ကိုယ်သူ တည်ငြိမ်စေပြီးနောက် သိုလှောင်လက်စွပ်တစ်ခုသည် သူ့လက်ထဲတွင် ပေါ်လာသည်။ ချန်ချန်ရှိနေသော နေရာသို့ သူ လှည့်ကြည်လိုက်ရာ ချန်ချန်က သူ့ကို ပြုံးတုံ့တုံ့ဖြင့် ကြည့်နေကြောင်း သိလိုက်ရသည်။
သိုလှောင်လက်စွပ်ထဲမှ အရာများကို စစ်ဆေးပြီးနောက် သတ်ဖြတ်ခြငခုနစ်ပါးမိစ္ဆာသခင်သည် ယခင်ကထက်ပင် အပြင်းအထန် တုန်ခါသွား၏။ သိုလှောင်လက်စွပ်ထဲတွင် ဒဏ်ရာကုသခြင်း ပြန်လည်ကောင်းမွန်စေခြင်း ရတနာများဖြင့် ပြည့်နှက်နေသည်။ သူ ဆယ်ရက်နှင့် ဆယ်ည တိုက်ခိုက်လျှင်ပင် သူ စိတ်ပူစရာမလိုချေ။

"ဒါက......"

သတ်ဖြတ်ခြင်းခုနစ်ပါးမိစ္ဆာသခင် အလွန်အံ့အားသင့်သွားသည်။ သူသည် ကပ်ဘေးခန္ဓာကိုယ်ရှိသဖြင့် သေရန် မလွယ်ကူသည့်တိုင် သူ့ကို ကံမကောင်းစေချေ။ ပုံမှန်အားဖြင့် သူ မည်သည့်ရတနာမျှ ရရှိရန် အခွင့်အရေးမရခဲ့ဘဲ သူ၏ ကျင့်ကြံမှုဖြင့်သာ ကျော်ကြားလာခဲ့ခြင်းဖြစ်၏။
ဆန့်ကျင်ဘက်အနေဖြင့် သူ့တပည့်ကျန်းဂျိသည် ကောင်းကင်၏ ချစ်မြတ်နိုးခြင်းကို ခံရပြီး သူ့ကို သေခြင်းခုနစ်ပါးမိစ္ဆာကလန်သို့ ခေါ်လာသည့် တစ်လအတွင်း ကံကောင်းမှုနှစ်ခုဖြင့် ကြုံတွေ့ခဲ့ရကာ သူ၏ ကျင့်ကြံခြင်းအဆင့်ကို အကြီးအကျယ် ခုန်ပေါက်တိုးတက်စေခဲ့သည်။
ရိုးရိုးသားသားပြောရလျှင် သူ ကျန်းဂျိကို အားကျပေသည်။ သို့သော်လည်း ချန်ချန့်ပိုင်ဆိုင်မှုကို မြင်ပြီးနောက်......
ချန်ချန်သည် အခြားလောကတစ်ခုမှ ဖြစ်ရမည်ဟု သူ ခံစားနေရသည်။
ချန်ချန်သည် ထိုကဲ့သို့ရတနာများစွာကို ဒီအတိုင်းပင် ပေးခဲ့သည်။ သတ်ဖြတ်ခြင်းခုနစ်ပါးမိစ္ဆာသခင်သည် ချန်ချန်က အမှန်တကယ်ချမ်းသာသည်လား သူ့ဆရာက ထိုရတနာများကို ပေးထားသည်လားဆိုတာ သိချင်နေမိ၏။

ယခုတိုက်ပွဲတွင် သူ စဉ်းစားရန် အချိန်လုံးဝမရှိချေ။ ပြန်လည်ကောင်းမွန်စေခြင်းအမျိုးအစား ရတနာတစ်ခုကို မြိုချပြီးနောက် နတ်ဘုရားဆီးနှင်းနတ်ဆိုးအင်ပါယာနှင့် သူ တိုက်ခိုက်တော့သည်။ သူ မွေးဖွားလာကတည်းက ကျင့်ကြံခြင်းအဆင့်များကို အဆင့်ချိုးဖျက်သည့်အခါတိုင်း အမြဲတမ်း သေလုနီးပါးဖြစ်ခဲ့ရသည်။ ယခုလောက် သူ တစ်ခါမှ ယုံကြည်ချက်မရှိဖူးချေ။ ထိုခံစားချက်က သူ့ကို စိတ်ကျေနပ်စေ၏။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Where stories live. Discover now