အပိုင်း ၂၈၁ (စာစဉ် ၁၉ အပိုင်း ၁၁)

224 22 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၈၁ (စာစဉ် ၁၉ အပိုင်း ၁၁)
နတ်ဘုရားစွမ်းရည်

"ငါ သွားပြီး တိုက်ခိုက်မယ်"
လူသားအမြစ်ဖြတ်တောင်တွင် အမည်မဲ့နတ်ဆိုးအင်ပါယာသည် အေးစက်စွာ ပြောလိုက်သည်။

"ငါတို့ ဘာလို့......"
သူ့ဘေးရှိ ကောင်းကင်ရေနဂါးနတ်ဆိုးအင်ပါယာ နှစ်ယောက်သည် စကားပြောလာကြသည်။ ယခုအချိန်တွင် သူတို့သုံးယောက်သာ မတိုက်ခိုက်ရသေးချေ။
သို့သော်လည်း သူတို့စကားမဆုံးခင် အမည်မဲ့နတ်ဆိုးအင်ပါယာသည် ခေါင်းခါပြီး သူတို့စကားကို ဖြတ်ပြောလိုက်သည်။ "အဲ့လိုလုပ်ဖို့ မလိုဘူး မင်းတို့က သူ့ကို ပိုပြီးမောက်မာ‌အောင်ပဲ ဖြစ်သွားစေလိမ့်မယ်"

ကောင်းကင်နဂါးကလန်၏ နတ်ဆိုးအင်ပါယာသုံးယောက်သည် ဘာမှပြန်မပြောကြချေ။ အချိန်အတော်ကြာ တိုက်ခိုက်ပြီးနောက် ချန်ချန်၏ ခွန်အားကို သူတို့ နားလည်သွားလေပြီ။
သူတို့သည် ချန်ချန်၏ ပြိုင်ဘက် လုံးဝမဟုတ်ပေ။ ယခု သူ့ကို သူတို့ တိုက်ခိုက်လျှင် သူတို့၏ အချိန်ကို ဖြုန်းတီးပစ်ရုံသာ ဖြစ်သွားပေလိမ့်မည်။

အမည်မဲ့နတ်ဆိုးအင်ပါယာသည် ထိုသိုပြောပြီးနောက် ကောင်းကင်ထက်မှ နတ်ဆိုးအရှင်သခင် ထျန်ကျောက်ကို ကြည့်လိုက်သည်။
နတ်ဆိုးအရှင်သခင် ထျန်ကျောက်သည် သူ့ကို မတားဆီးသလို ဘာမှလည်း မပြောသော်လည်း စိတ်အခြေအနေမကောင်းမှန်း သိသားနေ၏။
၎င်းကို မြင်ပြီး အမည်မဲ့နတ်ဆိုးအင်ပါယာသည် အသက်ပြင်းပြင်းရှူကာ ရှေ့သို့ လှမ်းထွက်သွားပြီး သူ၏ အစစ်အမှန်ခန္ဓာကိုယ်ကို ပြောင်းလဲလိုက်သည်။
၎င်းသည် အဖြူရောင်ရေနဂါးတစ်ကောင် ဖြစ်ပြီးခေါင်းတွင် ဦးချိုနှစ်ချောင်း ရှိနေကာ လက်သည်းလေးခုနှင့် မီတာတစ်ရာကျော်ရှည်လျားသော ခန္ဓာကိုယ် ရှိနေသည်။
တိတိကျကျပြောရလျှင် ၎င်းသည် ရေနဂါးတစ်ကောင်မဟုတ်တော့ဘဲ နဂါးတစ်ကောင်ပင်။

ဝေါင်း!
နဂါးသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး လူသားအမြစ်ဖြတ်တောင်ရှိ နတ်ဆိုးများသည် သူတို့၏ မျိုးဆက်သွေးများမှ ဖိအားကို ခံစားနေရ၏။
၎င်းသည် နတ်ဆိုးအင်ပါယာများကို အမူအရာများ ပြောင်းလဲသွားစေသည်။
သူတို့အားလုံးသည် မဟာနတ်ဆိုးကလန်ရှစ်ခုမှ အမြင့်မြတ်ဆုံး နတ်ဆိုးများ ဖြစ်ကြသည်။ ယခု နတ်ဆိုးအင်ပါယာတစ်ယောက်သည် ဘယ်ကမှန်းမသိ ပေါ်လာပြီး သူတို့၏ မျိုးဆက်သွေးများကို ဖိနှိပ်လာရာ ထိုအမည်မဲ့နတ်ဆိုးအင်ပါယာ၏ သွေးမျိုးဆက်သည် သူတို့ထက်ပင် ပိုမိုသန်မာကြောင်း အဓိပ္ပာယ်ရနေသည်။
ထိုကဲ့သို့ မြင့်မြတ်သော မျိုးဆက်သွေးများနှင့် နတ်ဆိုးများသည် အလွန်အမင်း ရှား‌ပါးပြီး ယခုတွင် တစ်ယောက်ပေါ်လာမည်ဟု သူတို့ ထင်မထားကြပေ။
'ဒီအမည်မဲ့နတ်ဆိုးက ချန်ချန့်ပြိုင်ဘက်ဖြစ်နိုင်မလား?'
ထိုအတွေးဖြင့် နတ်ဆိုးအင်ပါယာများသည် မျှော်လင့်ချက်တစ်ခုကို တွေ့လိုက်ရ၏။

သူ့ဆီသို့ ပြေးဝင်လာသော အဖြူရောင်နဂါးကို ကြည့်ရင်း ချန်ချန့်မျက်ဝန်းများ တောက်ပသွားသည်။ သူသည် တိုက်ပွဲဆယ်ပွဲကျော် ဆက်တိုက်တိုက်ခိုက်ပြီးနောက် သာမန်ပြိုင်ဘက်များနှင့် တိုက်ခိုက်ရမည်ကို ပျင်းရိလာချေပြီ။ ယခု အထင်ကြီးစရာ ပြိုင်ဘက်တစ်ယောက် ရောက်လာပြီဖြစ်သဖြင့် သူ မနေနိုင်ဘဲ အံ့အားသင့်သွားသည်။
အကြွင်းမဲ့နတ်ဘုရားဓားသည် အော်မြည်လာပြီး ချန်ချန်သည် သူ၏ ဓားကြီးဖြင့် အဖြူရောင်နဂါးဆီ ခုတ်ပိုင်းပစ်လိုက်သည်။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Hikayelerin yaşadığı yer. Şimdi keşfedin