အပိုင်း ၂၉၉ (စာစဉ် ၂၀ အပိုင်း ၁၄)

238 18 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၉၉ (စာစဉ် ၂၀ အပိုင်း ၁၄)
အစီအစဉ်ချခြင်း

ချန်ချန် မည်သူမှ သတိမပြုမိခင် ဝူဖုန်းမြို့အနောက်ဘက် ကီလိုမီတာ၂၅၀သို့ တိတ်တဆိတ် သွားလိုက်သည်။
ထိုနေရာတွင် တိတ်ဆိတ်စွာဖြင့် တစ်ရက်ကြာ နေခဲ့ပြီးနောက် ချန်ချန် ဆက်သွယ်ရေးအဆောင်တစ်ခုကို ထုတ်ယူကာ သူ့ဆရာ ယုချုံကို ဆက်သွယ်လိုက်သည်။
"ဆရာ အဲ့ဒီစိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့် နတ်ဆိုးတစ်ပိုင်းက မသေသေးဘူးလား?"

"မသေသေးဘူး သူ့ကို ခေါ်သွားတဲ့လူက အရမ်းသန်မာလို့ သူတို့ လွတ်သွားကြတယ်"

ယုချုံ၏ ပြန်စာကို မြင်ပြီး ချန်ချန့် နှလုံးသား ပြုတ်ကျသွား၏။
ကောင်းကင်မိစ္ဆာအဖွဲ့အစည်းခေါင်းဆောင်က အလွန်သန်မာသည်ကို သူ သိသော်လည်း အခြားစိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူများနှင့် တိုက်ခိုက်သည်ကို သူ မမြင်ဖူးသဖြင့် သူမ မည်မျှသန်မာသည်ကို သူ မသိခဲ့ပေ။
ယခုတော့ ကောင်းကင်မိစ္ဆာအဖွဲ့အစည်းခေါင်းဆောင်ကို စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့်တွင် အကြွင်းမဲ့ကျွမ်းကျင်သူအဖြစ် ယူဆနိုင်ပေသည်။ ထိုသို့မဟုတ်လျှင် သူမသည် စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့် နတ်ဆိုးတစ်ပိုင်းနှင့်အတူ လူသားနယ်စပ်မှ လွတ်‌မြောက်သွားနိုင်မည် မဟုတ်ပေ။

"ဒါပေမယ့် အဲ့ဒီခေါ်သွားတဲ့လူလည်း ဒဏ်ရာအပြင်းအထန်ရသွားတယ် ချန်ချန် သူက ကောင်းကင်မိစ္ဆာအဖွဲ့အစည်းခေါင်းဆောင် ဟုတ်တယ်မလား?"

"ဟုတ်ပါတယ် သူမပါ ဆရာ သူမက နတ်ဆိုးတစ်ကောင်ပါ"

၎င်းကို အခွင့်ကောင်းပြီး ချန်ချန် ယုချုံကို သူ ကောင်းကင်မိစ္ဆာအဖွဲ့အစည်းထဲသို့ ဝင်ခဲ့သည့် အကြောင်းနှင့် အချက်အလက်တစ်ချို့ကိုပင် ပြောပြလိုက်၏။
"ဆရာ ကျွန်တော့ရဲ့ လုံခြုံမှုကို စိုးရိမ်စရာမလိုပါဘူး လူသားမျိုးနွယ်အတွက်ဆိုရင် ကျွန်တော် အများကြီး ပေးဆပ်ရမယ်ဆိုရင်တောင် ထိုက်တန်ပါတယ်"
နောက်ဆုံးတွင် ချန်ချန် သူ့စကားကို အဆုံးသတ်လိုက်သည်။
ယခုအချိန်၌ အနီးအနားတွင် မည်သူမျှ ရှိမနေသော်လည်း ချန်ချန့်နှလုံးသားထဲတွင် ဖြောင့်မတ်မှန်ကန်မှုဖြင့် ပြည့်နှက်နေ၏။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Tempat cerita menjadi hidup. Temukan sekarang