အပိုင်း ၂၃၃ (စာစဉ် ၁၆ အပိုင်း ၈)

523 76 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၃၃ (စာစဉ် ၁၆ အပိုင်း ၈)
နတ်ဘုရားအာရုံသိပ်သည်းခြင်းပုလဲ

ပင်လယ်နတ်ဆိုးများ၏ အရှိန်အဝါများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးမှ ချန်ချန် ပဲစိမ်းလေးကို ဖြေးညှင်းစွာ ပြန်ချထားလိုက်တော့သည်။
"ဒီပင်လယ်နတ်ဆိုးတွေက တအားကို ဟိတ်ဟန်များတာပဲ!"
ချန်ချန် သူ့နဖူးမှ ချွေးအေးများကို သုတ်ပစ်ရင်း ပြောစရာစကားမဲ့နေမိသည်။ 'ဒီရက်တွေထဲမှာ ငါတို့တွေ သိကျွမ်းခဲ့ပြီးပြီ အချိန်တွေ အတူတူဖြုန်းခဲ့ကြပြီးပြီလေ ဒီလောက်ထိ ဆတ်ဆတ်ထိမခံဖြစ်စရာလိုလို့လား?'

အချိန်များကုန်ဆုံးသွားပြီး ပင်လယ်နတ်ဆိုးများ ပိုပို၍ စုဝေးလာကြ၏။
ပင်လယ်နတ်ဆိုးများသည် သူတို့နောက်ကို တိတ်တဆိတ် လိုက်ပါနေကြပြီး အဝေးမှကြည့်လျှင် သူတို့သည် ကျွန်းမျောလေးတစ်ခုနှင့် အလားတူပင်။
အရှေ့ဘက်သို့ ကီလိုမီတာ ၁၀၀,၀၀၀လောက် သွားပြီးနောက် သူတို့အုပ်စု၏ အရွယ်အစားသည် အလွန်အမင်း ကြီးမားလာသည်။ သူတို့သည် ကီလိုမီတာ ၅၀၀နီးပါးကို လွှမ်းခြုံထားပြီး အရေအတွက်အားဖြင့် သန်းတစ်ရာထက် မနည်းချေ။
ချန်ချန်က ဤနတ်ဆိုးများကို ကုန်းမြေပေါ်သို့သာ ခေါ်သွားလျှင် ကုန်းမြေပေါ်ရှိ နတ်ဆိုးများကို မိနစ်ပိုင်းအတွင်း နင်းခြေနိုင်မည်ဟု ခံစားနေရသည်။
ကံ‌မကောင်းစွာဖြင့် ၎င်းက လက်တွေ့တွင် မဖြစ်နိုင်ချေ။

နတ်ဘုရားအာရုံသိပ်သည်းခြင်းပုလဲ၏ တည်နေရာနှင့် တဖြည်းဖြည်းနီးကပ်လာသည်ကို မြင်ပြီး ချန်ချန် အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း ရှေ့တူရူကို ကြည့်နေ၏။
ထိုနေရာသို့ သူ ရောက်သွားသောအခါ ပဲစိမ်းလေးကို သူ ခေါင်းညိတ်ပြလိုက်သည်။
ပဲစိမ်းလေးသည် သူ့အောက်မှ ပင်လယ်ဂဏာန်းကြီးကို ဆက်သွယ်‌ပြောဆိုပြီးနောက် ပင်လယ်ဂဏာန်းကြီးသည် ချက်ချင်းပင် ကောင်းကင်ပေါ်သို့ ဟိန်းဟောက်လိုက်‌တော့သည်။ ထိုအသံသည် တဖြည်းဖြည်း ပျံ့နှံ့သွားပြီး အဝေးမှ ပင်လယ်နတ်ဆိုးများကလည်း ပြန်လည်တုန့်ပြန်လာကြသည်။
မကြာမီ နတ်ဆိုးများအားလုံး ရပ်တန့်သွားကြ၏။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Onde histórias criam vida. Descubra agora