အပိုင်း ၂၇၅ (စာစဉ် ၁၉ အပိုင်း ၅)

252 25 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၇၅ (စာစဉ် ၁၉ အပိုင်း ၅)
ရှင့်ဘေးမှာ ရှိနေမယ်

"ဘာဖြစ်သွားခဲ့တာလဲ?"
ချန်ချန် စိတ်ရှုပ်သွားသည်။
မိုးသောက်ပန်းလေးသည် အငိုရပ်ကာ ချန်ချန့်ကို အရာအားလုံး အမှန်အတိုင်းပြောပြလိုက်သည်။
ချန်ချန် အံ့အားသင့်သွားသည်........
စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်သာ လူတိုင်းကို လျစ်လျူရှုပြီး နတ်ဆိုးဖိနှိပ်ခြင်းမြို့ထဲသို့ ဝင်လာကာ ချန်ချန့်ဆီ တိတ်တဆိတ် ရောက်လာနိုင်၏။
ထို့အပြင် ထိုသူသည် သာမန်စိတ်ဝိညာဉ်ပုံစံပေါ်ခြင်းအဆင့် ကျွမ်းကျင်သူ မဖြစ်နိုင်ပေ။
ချန်ချန် ကူရာမဲ့သွားကာ တုန်ယင်နေမိသည်။ ကောင်းကင်မိစ္ဆာအဖွဲ့အစည်းကို သူ တွေးမိသည်။
သို့သော်လည်း လူသားများနှင့် နတ်ဆိုးများသည် တစ်ဖက်ကို တစ်ဖက်တိုက်ခိုက်နေကြပြီး ကောင်းကင်မိစ္ဆာအဖွဲ့အစည်းရှိ နတ်ဆိုးတစ်ပိုင်းများပင် ပါဝင်ကြ၏။
တိတိကျကျပြောရလျှင် ထို ကောင်းကင်မိစ္ဆာအဖွဲ့အစည်း၏ ခေါင်းဆောင်သည်လည်း ထို့အတူ ဖြစ်နေသင့်သည်။
ယခုတော့ သူ့အတွေး မှားသွားသည့်ပုံပင်။ ကောင်းကင်မိစ္ဆာအဖွဲ့အစည်း ခေါင်းဆောင်သည် လွတ်လွတ်လပ်လပ် သွားလာနိုင်သဖြင့် သူ၏ အဆင့်အတန်းသည် နတ်ဆိုးများကြားတွင် အလွန်အမင်း ထူးခြားနေပေလိမ့်မည်။
ထို့အပြင် ကောင်းကင်မိစ္ဆာအဖွဲ့အစည်း ခေါင်းဆောင်သည် ထူးခြားသော စိတ်နေစိတ်ထား ရှိရပေမည်။ သူသည် နတ်ဆိုးဖိနှိပ်ခြင်းမြို့ကို အလွယ်တကူ ဖျက်ဆီးနိုင်သော်လည်း ထိုသို့လုပ်မသွားခဲ့ချေ။
ထိုအစား ဝါလေးနှင့် မိုးသောက်ပန်းလေးတို့ကြောင့် သူ့ကို အလွတ်ပေးခဲ့၏။

"သူကလည်း အပင်နတ်ဆိုးတစ်ကောင်ပဲလား?"
ချန်ချန် ထိုအကြောင်းကို တွေးမိကာ ထိတ်လန့်သွားသည်။
မိုးသောက်ပန်းလေး၏ ပြောစကားအရ ကောင်းကင်မိစ္ဆာအဖွဲ့အစည်း ခေါင်းဆောင်တွင် ကပ်ဘေးသုတ်သင်စည်းတံဆိပ် ရှိနေဟန်တူသည်။
ထိုကဲ့သို့ လူတစ်ယောက်၏ သတ်ဖြတ်ခြင်းကို မခံခဲ့ရသည်မှာ သူ ကံကောင်းပေသည်။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Where stories live. Discover now