အပိုင်း ၂၉၅ (စာစဉ် ၂၀ အပိုင်း ၁၀)

216 17 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၉၅ (စာစဉ် ၂၀ အပိုင်း ၁၀)
လောကကြီးထဲတွင် ‌လွတ်လွတ်လပ်လပ် လျှောက်သွားလိုသည်

"အဖွဲ့အစည်းခေါင်းဆောင် ခင်ဗျားက ဘာကြောင့် ဝက်တစ်ကောင်ကို ခက်ခဲအောင် လုပ်ဖို့လိုမှာလဲ?" ချန်ချန်သည် သူ့လက်နှစ်ဖက်ကို ဖြန့်ကာ အပြစ်ကင်းစင်စွာ ပြန်ပြောလိုက်သည်။

"သူက ဘိုးဘေးပြန်လှည့်ခြင်းသွေးကို ရခဲ့တာကြောင့် နတ်ဆိုးခုံရုံးကို ဝင်ရလိမ့်မယ် မစိုးရိမ်နဲ့ တစ်နေ့ ငါ မင်းကို သတ်ပစ်ရင်တောင် သူ့ကို ဘာမှမလုပ်ဘူး"
ထိုသို့ပြောပြီးနောက် ‌ကောင်းကင်မိစ္ဆာအဖွဲ့အစည်းခေါင်းဆောင်သည် တစ်ဖက်သို့ လှည့်သွားပြီး ချက်ချင်းပင် နောက်ထပ်စကားတစ်ခွန်း ထပ်ပြောလာ၏။
"ဒေါသခြင်္သေ့နတ်ဆိုးအင်ပါယာရဲ့ သေဆုံးမှုက မင်းနဲ့ တစ်ခုခု ပတ်သက်နေရမယ် ဟုတ်တယ်မလား? ချန်ချန် အခု မင်း သေဖို့ နောက်ထပ်အကြောင်းပြချက်တစ်ခု ရှိသွားပြီ မင်း သတိထားနေတာ ပိုကောင်းမယ်"

ထိုစကားများကို ပြောပြီးနောက် ‌ကောင်းကင်မိစ္ဆာအဖွဲ့အစည်းခေါင်းဆောင်သည် ပျောက်ကွယ်သွားသည်မှာ လေထုထဲတွင် ပျောက်ကွယ်သွားသလိုပင်။
ချန်ချန် လျှို့ဝှက်စွာဖြင့် သက်ပြင်းချမိသည်။ သူသည် လူဆိုးတစ်ယောက်နှင့် ရင်ဆိုင်နေရပြီး အချိန်မရွေး ကိုယ့်လက်ကိုယ် ပြန်ကိုက်‌မိပေလိမ့်မည်။
သို့သော်လည်း ယခုတော့ သူ နောက်လှည့်ပြန်ဖို့ရာ ခက်ခဲသွားလေပြီ။
သူ ပူးပေါင်းဆောင်ရွက်ရန် ငြင်းပယ်လိုက်လျှင် ‌ကောင်းကင်မိစ္ဆာအဖွဲ့အစည်းခေါင်းဆောင်သည် သူ့ကို ချက်ချင်း သတ်ပစ်ပေလိမ့်မည်။

"ကျုပ် ခင်ဗျားထက် ပိုပြီး မသန်မာလာဖို့ ဆုတောင်းထားတာ ပိုကောင်းမယ်! ဟမ့်!"
အေးစက်စွာ နှာခေါင်းရှုံ့ပြီးနောက် ချန်ချန်သည် ကြက်တူရွေးနတ်ဆိုးဘုရင်၏ ခန္ဓာကိုယ်မှ အမွေးတစ်ချောင်းကို ဆွဲနှုတ်လိုက်၏။
သူ မကြားသင့်သည့် စကားများကို ကြားမိကာ သေသွားမည်စိုး၍ ကြက်တူရွေးနတ်ဆိုးဘုရင်သည် သူ၏ အာရုံငါးပါးကို ပိတ်ဆို့ထားခဲ့ပြီး အထိအတွေ့အာရုံတစ်ခုသာ ကျန်ရှိတော့သည်။ ထို့ကြောင့် ချန်ချန် ရွေးချယ်စရာမရှိဘဲ ထိုနည်းလမ်းဖြင့် သူ့ကို နှိုးလိုက်ရတော့သည်။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Where stories live. Discover now