အပိုင်း ၂၃၆ (စာစဉ် ၁၆ အပိုင်း ၁၁)

521 75 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၃၆ (စာစဉ် ၁၆ အပိုင်း ၁၁)
ငါ့ကို စိတ်ပူပြီး သေအောင် လုပ်နေတာပဲ!

"အဆုံးမဲ့ပင်လယ်က ဘယ်လိုလဲ?"
ကျောက်စိမ်းဆေးမီးဖိုကလန်ကို ပြန်လာပြီးနောက် ယုချုံဆီသို့ သွားလိုက်သည်။ ယုချုံသည်သူ လမ်းလျှောက်လာသည်ကို ပြုံး၍ ကြည့်နေသည်။
ချန်ချန် သတိထားနေပြီး သူမသည် သူ့ကို မည်သည့်အကြောင်းပြချက်မှ မရှိဘဲ ဤကဲ့သို့ ဖြစ်နေမည်မဟုတ်ဟု တွေးနေမိသည်။
ထိုအကြောင်းကို တွေးမိပြီး အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရသလို ပေါ်‌ေနစေရန် ခါးသက်စွာ ပြုံးလိုက်၏။

"လောကကြီးက အရမ်းရက်စက်ကြမ်းကြုတ်ပြီး လူဆိုးတွေ နေရာတိုင်းမှာ ရှိနေတယ် ဆရာ လောကကြီးကို သိပ်မမြင်ဖူးတဲ့ ကျွန်တော့လို လူတွေအတွက် အရမ်းအန္တရာယ်များတာပဲ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူလေးတစ်စုက ကျွန်တော့ကို လှည့်စားလုနီးပါးဖြစ်ခဲ့တာ ဆရာသိမှာမဟုတ်ဘူး"

သူ့စကားကို ကြားသော် ယုချုံ ပြုံးလိုက်သည်။
"နင် ပြန်ရောက်လာတာ ကောင်းတယ် တစ်ခါခံခဲ့ရရင် နောက်တစ်ခါ မှတ်ထားပေါ့ နင် မသေသေးသရွေ့ အခက်အခဲတွေဆိုတာ နင့်ကို ကောင်းအောင် ပြုပြင်ပေးမှာ"

ချန်ချန် ခေါင်းညိတ်လိုက်သည်။ 'ယုချုံက ဒီနေ့ ထူးဆန်းနေတယ်'
"နင် ဒီခရီးမှာ ဘာတွေရခဲ့လဲ?"
ထိုအချိန်တွင် ယုချုံက သူ့ကို ကြည့်လာ၏။
ချန်ချန် နှလုံးခုန်နှုန်းမှားသွားသည်။ အ‌ဓိကအချိန်အခါကို ရောက်ပြီဖြစ်ကြောင်း သိလိုက်ပြီး သူ့အပြုံးက ချက်ချင်းပင် သိမ်မွေ့သွားသည်။

"ကျွန်တော် သိပ်မရခဲ့ပါဘူး"
ဟုတ်ပေသည်။ နတ်ဘုရားအာရုံသိပ်သည်းခြင်းပုလဲကို ရလာခဲ့ကြောင်း ယုချုံကို ချန်ချန် မပြောပြနိုင်သေးချေ။
ဘာပဲဖြစ်ဖြစ် သူမကို မပေးခင် ၎င်းကို အချိန်တစ်ခုထိ သူ အသုံးပြုရပေမည်။ သူက ကျောက်စိမ်းဆေးမိးဖိုကလန်၏ တပည့်တစ်ယောက်ဖြစ်ပြီး ‌တစ်နေ့တွင် ထိုရတနာကို ကျောက်စိမ်းဆေးမီးဖိုကလန်အား ပြန်ပေးရပေမည်။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Donde viven las historias. Descúbrelo ahora