အပိုင်း ၂၆၁ (စာစဉ် ၁၈ အပိုင်း ၆)

355 28 1
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၆၁ (စာစဉ် ၁၈ အပိုင်း ၆)

နေ့တဝက်ကြာပြီးနောက် ချန်ချန် ကျောက်စိမ်းမီးဖိုမြို့ရှိ ဆိုင်တစ်ခုသို့ ရောက်ရှိသွား၏။
ယခင်က ကျောက်စိမ်းမီးဖိုမြို့တွင် သူ ဆိုင် ဆယ်ဆိုင်ကျော် ဝယ်ယူခဲ့သဖြင့် ယခုတွင် သူတို့သည် သူ၏ အထောက်အပံ့ကလေးများ ဖြစ်လာကြသည်။

"စီနီယာအကို လူတိုင်း ဒီမှာ ရှိနေပါတယ် အားလုံးပေါင်း စိတ်ဝိညာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ ၃၂ယောက်ပါ"
ချန်ချန့်ကို မြင်သောအခါ ယွမ်ချင်းတန်သည် တလေးတစားဖြင့် သူ့ဆီသို့ လျှောက်လာ၏။

ချန်ချန် ခေါင်းညိတ်ကာ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ ၃၂ယောက်ကို ကြည့်လိုက်သည်။
ထိုအမျိုးသား အမျိုးသမီး ကျင့်ကြံသူများသည် အသက်အရွယ်အမျိုးမျိုး ရှိကြပြီး ကွဲပြားသော အမူအရာများ ရှိနေသည်။
အချို့သည် စိတ်ရှုပ်နေကြပြီး အချို့သည် ဆုံးဖြတ်ချက်ပြတ်သာ‌းနေကာ အခြားသူများသည် ကျေးဇူးတင်နေကြသော်လည်း မည်သူမျှ ကြောက်ရွံ့နေခြင်းမရှိချေ။
၎င်းကို မြင်သော် ချန်ချန် ပြုံးမိသည်။

"မစိုးရိမ်ပါနဲ့ ကျုပ် ခင်ဗျားတို့ကို မကောင်းတာတွေ မလုပ်ခိုင်းသလို အန္တရာယ်တောထဲကိုလည်း မပို့ပါဘူး ပြီးတော့ ကျုပ်ချန်ချန်က ခင်ဗျားတို့ အလုပ်ကြိုးစားပြီး ကောင်းကောင်းအကျိုးဆောင်သရွေ့ စိတ်ဝိညာဉ်ပုံစံပေါ်ခြင်းအဆင့်ကို ရောက်ဖို့ အာမခံပါတယ်"

"အရှင် အရှင်က ယဉ်ကျေးလွန်းနေပါပြီ"

"အရှင် အရှင့်ရဲ့ ကြင်နာမှုကို ကျွန်တော် ဘယ်တော့မှ မမေ့ပါဘူး ကျွန်တော် နောက်ထပ်တောင်းဆိုစရာ မရှိတော့ပါဘူး"
အချို့သည် လေးနက်စွာ ပြောလာ၏။
ချန်ချန် ခေါင်းခါပြီး သူ့အမူအရာသည် ပိုပို၍ တည်ကြည်လာကာ အလေးအနက် ပြောလိုက်သည်။ "ဒါပေမယ့် ခင်ဗျားတို့ မသေနိုင်ဘူးလို့ ကျုပ် အာမ,မခံနိုင်ဘူး ရိုးရိုးသားသားပြောရရင် ဒီတစ်ကြိမ် အဆုံးမဲ့ပင်လယ်ကို သွားတဲ့ခရီးမှာ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုဖြစ်လာဖို့ အခွင့်အရေးများတယ် ကျုပ် အဆုံးမဲ့ပင်လယ်ကနေ ပြန်လာတာနဲ့ တခြားစစ်မြေပြင်တွေကိုလည်း သွားရလိမ့်မယ်"
"ဒီတော့ အခုကစပြီး နောက်ပိုင်းကျရင် ခင်ဗျားတို့ရဲ့ ဘဝကို တိုက်ခိုက်ရင်းနဲ့ပဲ ကုန်ဆုံးရလိမ့်မယ် သေခြင်းဆိုတာကိုလည်း ရှောင်လွဲလို့ ရမှာမဟုတ်ဘူး အဲ့လိုဖြစ်ဖို့ ဆန္ဒမရှိသူတွေ အခုပဲ ထွက်သွားနိုင်တယ် ကျုပ် ပေးခဲ့တာတွေအတွက် ဘာမှပြန်ပေးစရာမလိုပါဘူး"

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Tahanan ng mga kuwento. Tumuklas ngayon