အပိုင်း ၂၇၂ (စာစဉ် ၁၉ အပိုင်း ၂)

254 25 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၇၂ (စာစဉ် ၁၉ အပိုင်း ၂)
ဒီတစ်ခါတော့ ငါ ဒီမှာကြာကြာနေဖြစ်မယ်

ကျောက်စိမ်းဆေးမီးဖိုကလန်သို့ ရောက်ရှိပြီးနောက် ကျင့်ကြံသူတစ်ထောင်ကျော်အတွက် နေရာများကို ကျောက်စိမ်းမီးဖိုမြို့တွင် ချန်ချန် စီစဉ်ပေးလိုက်သည်။
ဤတစ်ကြိမ်တွင် သူ လူများစွာ ခေါ်လာခဲ့သဖြင့် ဤမြိုထဲတွင် စီစဉ်ပေးရပေမည်။ ကျောက်စိမ်းဆေးမီးဖိုကလန်ထဲသို့ ခေါ်သွားနိုင်မည် မဟုတ်ချေ။
ထို့နောက် ချန်ချန် ကျောက်စိမ်းဆေးမီးဖိုကလန်သို့ တစ်ယောက်တည်း ပြန်သွားကာ သူ့ဆရာယုချုံကို သွားတွေ့လိုက်သည်။
ယုချုံက ချန်ချန့်ကို မြင်သောအခါ သိုလှောင်လက်စွပ်တစ်ကွင်း ထုတ်ယူပြီး တည်ငြိမ်စွာဖြင့် ချန်ချန့်ကို ပေးလိုက်၏။
"ဒါတွေက အနောက်ဘက်နယ်စပ်ကို ပို့ရမယ့် ဆေးလုံးတွေပဲ အားလုံးပေါင်း အလုံး၅၀၀၀ရှိတယ် သူတို့က အဆုံးမဲ့ပင်လယ်ကို ရောင်းချခဲ့တဲ့ ဆေးလုံးတစ်ထောင်ထက် ပိုပြီးတော့ အရည်အသွေးကောင်းတယ် နင် လမ်းမှာ ဂရုစိုက်ရမယ် နားလည်တယ်မလား?"

"ဟုတ်ကဲ့!"
ချန်ချန် တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။
ပိုင်ဖန်းက သူ သွားပို့ရမည့် ဆေးပင်ကုန်ကြမ်းများ အလုယက်ခံခဲ့ရခြင်းမှာ သတင်းပေးတစ်ယောက်ကြောင့် ဖြစ်မည်ဟု သူ ခန့်မှန်းမိသည်။ ထို့ကြောင့် နတ်ဆိုးများသည် သူသွားမည့် လမ်းကြောင်းကို ကောက်ချက်ချနိုင်ပေလိမ့်မည်။
သို့သော်လည်း သူနှင့် ယုချုံသာ ဆေးလုံးပို့ဆောင်မည့် အစီအစဉ်ကို သိထားကြသဖြင့် ထိုသတင်းက ပေါက်ကြားလိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် သူ အလွန်ပျာယာခတ်နေခြင်း မရှိချေ။ ထို့အပြင် သူသည် နေ့တိုင်း ပိုက်ဆံများစွာနှင့် သွားလာနေပြီး ဆေးလုံး၅၀၀၀ဆိုသည်မှာ သူ့အတွက် ဘာမှမဟုတ်ချေ။

ချန်ချန်မည်မျှလေးနက်နေသည်ကို မြင်ပြီး ယုချုံ ခေါင်းညိတ်ကာ ထိုအကြောင်းကို ခနတာတွေးနေပြီးနောက် ရုတ်တရက် ပြောလိုက်သည်။ "နင် အနောက်ဘက်နယ်စပ်ကို ရောက်တဲ့အခါ ငါနဲ့ ကျောက်စိမ်းဆေးမီးဖိုကလန်ကို အရှက်မရစေနဲ့"
"ပြီးတော့ ဟောင်ရန်ဓားကလန်က အဲ့ဒီအမျိုးသမီးအိုကြီးက သူ့တပည့်ဟာ နင့်ရဲ့ တာအိုလက်တွဲဖော်ဆိုတဲ့အချက်နဲ့ နင့်ကို အကျပ်ကိုင်ရင် နင် သဘောမတူရဘူး ငါ့တပည့်က သူ့ကို နှိမ့်ချရိုကျိုးနေရတယ်လို့ မဖြစ်စေနဲ့"

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Opowieści tętniące życiem. Odkryj je teraz