အပိုင်း ၂၁၇ (စာစဉ် ၁၅ အပိုင်း ၇)

663 68 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၁၇ (စာစဉ် ၁၅ အပိုင်း ၇)
ငြိမ်းချမ်းမှုအလွန်မှ ရုတ်ရုတ်သဲသဲဖြစ်မှု

ချန်ချန် ဝူဖုန်းတောင်သို့ ပြန်သွားခဲ့သည်။
'အဲ့ဒါက သစ္စာရှိပြီး ဖြောင့်မတ်တာ မဟုတ်ဘူးမလား? ဘယ်လိုတောင် စိတ်ထားသေးသိမ်လိုက်သလဲ?'
'ဒီလောကက လူတွေက ငါ့ကို အဲ့ဒီလိုမြင်ကြတာလား?'
'ငါက လူတိုင်းရဲ့ အမြင်မှာ စိတ်ထားသေးသိမ်ပြီး လက်၏ားချေတတ်တဲ့ လူတစ်ယောက်လား?'

"ဒီလောကက လူတွေဟာ အရူးတွေပဲ........"
ချန်ချန် ညင်သာစွာ သက်ပြင်းချပြီး သူ နစ်နာသည်ဟု ခံစားနေရ၏။
တစ်ချိန်တည်းတွင် ကျင်းချူအပေါ် နှမြောတသဖြစ်မှုနှင့် ဂရုဏသက်မှုသည် လုံးဝပျောက်ကွယ်သွားတော့သည်။
'ဒီလူက အစီအရင်ခံစာကိုတောင် ဆီလျော်အောင် မရေးနိုင်ဘူး သူက တော်တော်အရည်အချင်း မရှိတာပဲ'

သို့သော်လည်း သူ့နောက်မှ အမှောင်အစောင့်များသည် မဆိုးလှပေ။ သူတို့သည် သူ ပေးသည့်အမိန့်မှန်သမျှကို လုံးဝလိုက်နာကြပေမည်။
သူတို့သည် ငယ်စဉ်ကတည်းက အခြားသူများအသုံးပြုရန် ပစ္စည်းများအဖြစ် ဦးနှောက်ဆေးခံထားရပြီး ခံစားချက်မရှိကြပေ။

"ကလေး ဘာဖြစ်သွားတာလဲ?"
"မင်း ငါ့ကို ကလန်ခေါင်းဆောင်လို့ ခေါ်နေသေးတော့ ငါ မင်းကို တတ်နိုင်သလောက် ကူညီပေးမယ် ဘာဖြစ်ခဲ့သလဲဆိုတာ ငါ့ကို ပြောသာပြောပြလိုက်ပါ"
ကျိုးရန်လုံက ဆက်သွယ်ရေးအဆောင်မှတစ်ဆင့် စာပို့လာသည်။ ကျိုးရန်လုံသည် အပေါက်ဆိုးသူတစ်ယောက်ဖြစ်သော်လည်း သူ့ကို အနည်းငယ် စိုးရိမ်နေကြောင်း ချန်ချန် သိနေ၏။

"ဘာမှမဖြစ်ပါဘူး လူအိုကြီးကျိုး ခင်ဗျားအလုပ်ကို ပြန်လုပ်နေပါ ကျုပ် ဖြေရှင်းပြီးပါပြီ"
ချန်ချန် အနည်းငယ်တွေးတောပြီးနောက် ပြန်ဖြေလိုက်သည်။

"ခွေးကောင် ငါ ဂျင်တိုင်းပြည်ကို လာနေပြီကွ"

ချန်ချန် ပြန်ပြောလိုက်သည်။ "ဒီလိုဆိုမှတော့ ခင်ဗျား ထွက်လာတာကို အလဟဿမဖြစ်စေနဲ့ ဝူဖုန်းတောင်ကို သွားပြီး ဆေးလုံးတစ်ချို့ ပြန်ယူသွားပါ ကျုပ် ပွပေါက်တိုးလာလို့ ပိုက်ဆံတွေ အများကြီးရှိနေတယ်"

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Tahanan ng mga kuwento. Tumuklas ngayon