အပိုင်း ၂၀၉ (စာစဉ် ၁၄ အပိုင်း ၁၄)

657 73 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၀၉ (စာစဉ် ၁၄ အပိုင်း ၁၄)
ထောက်လှမ်းခြင်းပုံစံအသစ်

ယုချုံလွှတ်လိုက်သော လူနှစ်ယောက်သည် မိုင်ပေါင်းများစွာ ပျံသန်းပြီးနောက် အလင်းတန်းတစ်ခု ပျံသန်းထွက်ပေါ်လာပြီး ချိတ်ပိတ်အစီအရင်ကို ထိမှန်သွားလေသည်။
‌ကောင်းကင်နှင့် မြေကြီးကြားတွင် အလင်းတစ်ခုသည် တောက်ပသွားပြီး ကျင့်ကြံသူများစွာကို ပိတ်လှောင်ထားသော အစီအရင်သည် ကျိုးပျက်သွားတော့သည်။
ကျင့်ကြံသူများစွာသည် ပျော်ရွှင်မှုကြောင့် ငိုကြွေးနေကြပြီး မည်သူ့ကို ကျေးဇူးတင်ရမှန်း မသိ‌ကြချေ။

မဟူရာအင်မော်တယ်ဂိုဏ်းခေါင်းဆောင်သည် မြေအောက်ခန်းထဲသို့ ဝင်လိုက်သည်နှင့် စူးရှရှအနံ့များ သူ့ကို ဖုံးလွှမ်းသွားသော်လည်း သူ့ကိုယ်သူ အားတင်းကာ အလျင်အမြန် ပြေးဝင်သွားတော့သည်။ မကြာမီ ခြောက်သွေ့သည်အထိ စုပ်ယူခံထားရသော လူအိုကြီးကို တွေ့လိုက်ရတော့၏။

"အရှင်......အရှင်"

ထိုမြင်ကွင်းသည် သူထင်ထားသလို ဖြစ်နေသော်လည်း သူ မနေနိုင်ဘဲ အံ့အားသင့်သွားကာ သူ့မျက်ဝန်းများတွင် စိတ်ပျက်မှုဖြင့် ပြည့်နှက်နေသည်။
'အရှင်က ကျရှုံးသွားခဲ့ပြီ!'

နတ်ဆိုးကျင့်ကြံသူများသည် သူတို့၏ ကျင့်ကြံခြင်းကို လွယ်ကူစွာ မြှင့်တင်နိုင်ကြသော်လည်း သူတို့အတွက် အဆင့်ချိုးဖျက်ခြင်းသည် အလွန်အမင်း ခက်ခဲပေသည်။ အဆင့်ချိုးဖျက်ရသည့် အခက်အခဲများ တန်ပြန်ထိခိုက်မှုများကို ကျော်လွှားပြီး စိတ်ဝိညာဉ်ပုံစံပေါ်ခြင်းအဆင့်သို့ ရောက်လာသူများအားလုံးသည် လုံ့လဝီရိယာကြီးစွာရှိသူများ ဖြစ်ကြ၏။
ယခု အရှင်သည် ထိန်းမနိုင်သိမ်းမရဖြစ်သွားသောကြောင့် တန်ပြန်ထိခိုက်သွားပြီး သူ၏ ပုံစံတည်ဝိညာဉ်ပင် လုံးဝပျက်စီးသွား‌ခဲ့သည်။

"စိတ်ဝိညာဉ်ပုံစံသိပ်သည်းခြင်းဆေးလုံးမှာ တစ်ခုခုမှားယွင်းနေလိမ့်မယ်!"
မဟူရာအင်မော်တယ်ဂိုဏ်းခေါင်းဆောင်သည် စိတ်တိုနေသော အမူအရာဖြင့် ရေရွတ်မိသည်။
သူသည် ရိုင်းရိုင်းစိုင်းစိုင်းမပြောတတ်သည့် သည်းခံတတ်သူ ဖြစ်သော်လည်း ယနေ့တွင် သူ ဆဲဆိုမိသောအခါ မြို့တစ်ဝက်နီးပါးမှ လူများသည် ကြားသွားပေမည်။ သူက သည်းမခံနိုင်စရာ လက်မခံနိုင်စရာကို ကြုံတွေ့ခဲ့ရ၏။
နတ်ဆိုးကျင့်ကြံသူကို အသာထား သာမန်ကျင့်ကြံသူများပင် အဆင့်ချိုးဖျက်ရာတွင် မတော်တဆတစ်ခုခုဖြစ်သွားလျှင် လမ်းကြောင်းလွှဲသွားနိုင်ပေသည်။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Tempat cerita menjadi hidup. Temukan sekarang