အပိုင်း ၂၇၀ (စာစဉ် ၁၈ အပိုင်း ၁၅)

265 23 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၇၀ (စာစဉ် ၁၈ အပိုင်း ၁၅)
ခင်ဗျားကို ဘာ‌တွေ ပေးခဲ့လဲ?

ညနှောင်းပိုင်းတွင် ဝူဖုန်းတောင်၏ အကာအကွယ်အစီအရင်ကို အဆုံးစွန်ထိ အသက်သွင်းထားသည်မှာ စိတ်ဝိညာဉ်ပုံစံပေါ်ခြင်း အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူပင် မဝင်ရောက်နိုင်ချေ။
ထိုအစီအရင်ကို မြင်ပြီး ပုန်းကွယ်နေကြသူများအားလုံး စိုးရိမ်သွားကြသည်။
သူတို့၏ လက်ရှိစွမ်းရည်ဖြင့် ဝူဖုန်းတောင်ထဲတွင် ပုန်းနေသူများကို သတ်ဖြတ်ရန် မဖြစ်နိုင်လုနီးပါးပင်။
သို့သော်လည်း ကောင်းကင်မိစ္ဆာအဖွဲ့အစည်းမှ ရွေးချယ်ထားသူများအနေဖြင့် သူတို့သည် ပထမဆုံး အခက်အခဲတွေ့ကြုံပြီးနောက် နောက်ဆုတ်သွားမည့် သာမန်လူများမဟုတ်ချေ။
ဝူဖုန်းတောင်ထဲသို့ ခိုးဝင်ရန် မဖြစ်နိုင်သည်ကို သိပြီးနောက် တိတ်ဆိတ်စွာဖြင့် အခွင့်အရေးကို စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်ကြ၏။

သူတို့ ထိုအတိုင်း ဆယ်ရက်ကြာ ရှိနေခဲ့သည်။
ဆယ်ရက်မြောက်နေ့တွင် ဝူဖုန်းတောင်၏ အကာအကွယ်အစီအရင်သည် နောက်ဆုံးတွင် ပွင့်လာသည်။ ၎င်းကို မြင်သောအခါ သူတို့လေးယောက်သည် အလွန်အမင်း နိုးကြားသွားကြသည်။
ဆယ်ရက်ကြာ စောင့်ဆိုင်းနေပြီးနောက် ချန်ချန်က သတိထားနေမှုကို လျော့ချသွားပြီလား?
ထိုအကြောင်းကို တွေးမိပြီး သူတို့လေးယောက်သည် ချန်ချန့်ကို သတ်ဖြတ်ရန် အစီအစဉ်ချကြတော့၏။
စောင့်‌ဆိုင်းနေသည့် ထိုလေးရက်အတွင်း သူတို့ အလကားထိုင်မနေကြချေ။ ချန်ချန့်ကို လုပ်ကြံရန် အစီအစဉ်ကို ဆက်တိုက်အသည်းအသန် စဉ်းစားနေခဲ့ပြီး လုပ်ကြံခြင်းအစီအစဉ်နှင့် လွတ်မြောက်အောင် လုပ်မည့်အစီအစဉ် ဒါဇင်များစွာ ပြင်ဆင်ထားနိုင်ခဲ့သည်။
ယခုအချိန်တွင် မမျှော်လင့်ထားသော အခြေအနေများနှင့် ရင်ဆိုင်ရလျှင်ပင် ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု သူတို့ ယုံကြည်ချက်ရှိနေကြသည်။
ချန်ချန် ဝူဖုန်းတောင်မှ ထွက်ခွာသည်နှင့် သူတို့ အခွင့်အရေးတစ်ခု ရှာဖွေရပေမည်။

မကြာမီ.......
ခန့်ညားသော ပုံရိပ်တစ်ခုသည် ဝူဖုန်းတောင်မှ ထွက်လာပြီး အရှေ့ဘက်သို့ ဦးတည်ပျံသန်းသွားလေသည်။
သူတို့လေးယောက်သည် ချန်ချန့်ကို ချက်ချင်းမှတ်မိသွားပြီး သူတို့၏ သတ်ဖြတ်လိုစိတ်ကို ဖိနှိပ်နိုင်စွမ်း မရှိတော့ချေ။
ကောင်းကင်မိစ္ဆာအဖွဲ့အစည်းက သူတို့ကမ်းလှမ်းလာသော အရာများသည် အလွန်ဆွဲဆောင်နိုင်ပြီး သူတို့၏ ဘဝကို ပြောင်းလဲသွားစေရန် လုံလောက်ပေသည်။ ထိုကောင့်ကို သူတို့ သတ်နိုင်သရွေ့ ထိုဆုလာဘ်များကို သူတို့ ရရှိပေမည်။
ထိုအကြောင်းကို တွေးမိပြီး သူတို့ထဲမှ တစ်‌ယောက်ဖြစ်သော ပိုင်ဖန်းဟု ခေါ်သည့် စိတ်ဝိညာဉ်ပုံစံပေါ်ခြင်းအလယ်ဆင့် ကျင့်ကြံသူသည် လျှို့ဝှက်နည်းစနစ်တစ်ခုကို သုံးကာ သူ၏ အရှိန်အဝါကို ဖုံးကွယ်ပြီး ချန်ချန် ရှိနေသော နေရာသို့ ပျံသန်းသွားတော့၏။
'ဒီတိုက်ခိုက်မှုက ငါတို့ အနိုင်ရမလား မရဘူးလားဆိုတာ ဆုံးဖြတ်လိမ့်မယ်!'
ထိုပုံရိပ်ကို ကြည့်ရင်း ပိုင်ဖန်း သူ့ဘာသာသူ တွေးနေမိသည်။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Hikayelerin yaşadığı yer. Şimdi keşfedin