အပိုင်း ၂၃၁ (စာစဉ် ၁၆ အပိုင်း ၆)

519 73 1
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၃၁ (စာစဉ် ၁၆ အပိုင်း ၆)
ပင်လယ်ထဲတွင် ဖျက်ဆီးခံရခြင်း၊ ဘုရင်ဆင်းသက်လာခြင်း

သူ့အော်ဟစ်သံကို ကြားပြီး လှေပေါ်ရှိ ကျင့်ကြံသူများအားလုံး၏ အမူအရာများ ပြောင်းလဲသွားကြပြီး အထူးသဖြင့် အဆုံးမဲ့ပင်လယ်အကြောင်းကို ကောင်းကောင်းမွန်မွန် သိထားကြသူများပင်။ သူတို့ ထိတ်လန့်သွားကြကာ စကားတစ်ခွန်းမှမပြောဘဲ လှေအနီးတဝိုက်တွင် အသံ၏ရင်းမြစ်ကို စတင်ရှာဖွေကြတော့သည်။

ဘုန်း!

ခနကြာပြီးနောက် ပုံရိပ်တစ်ခုသည် လှေကေါ်မှ ထွက်ခွာပြီး ကောင်းကင်ထက်သို့ ပျံတက်သွားသည်။ လှေပိုင်ရှင်ကလည်း သူ့နောက်သို့ လိုက်သွားကာ မကြာမီ နှစ်ယောက်သား စတင်တိုက်ခိုက်တော့၏။

"သူပဲ!"

"ဘယ်လိုလုပ် သူဖြစ်နေတာလဲ?"

"သူက ဆန်းကြယ်တဲ့လူပဲ! သွားပြီ! ငါတို့အားလုံးတော့ သွားပြီ!"

ကျင့်ကြံသူများက ထိုပုံရိပ်ကို မြင်သောအခါ သူတို့၏ မျက်ဝန်းများတွင် မျှော်လင့်ချက်မဲ့မှုဖြင့် ပြည့်နှက်သွားပြီး သူတို့၏ နှလုံးသားများက တင်းကျပ်သွားကြကာ ကမ္ဘာပျက်နေသလိုပင်။
ချန်ချန် အနီရောင်ဝတ်စုံနှင့် ထိုမျက်နှာဖုံးတပ်လူကို ကြည့်ကာ သက်လတ်ပိုင်းအရွယ်ကျင့်ကြံသူဆီသို့ လမ်းလျှောက်သွားပြီး မေးလိုက်သည်။ "အကိုကြီး အဲ့ဒီလူက ဘယ်သူလဲ! ဘာလို့ လူတိုင်းက သူ့ကို ကြောက်နေကြတာလဲ?"

သက်လတ်ပိုင်းအရွယ်လူ၏ ခန္ဓာကိုယ်သည် တုန်ယင်နေပြီး သူ ကြောက်ရွံ့နေကြောင်း အသိသာပင်။ "အဆုံးမဲ့ပင်လယ်မှာ ကျင့်ကြံသူတွေကို အမဲလိုက်ဖို့ ပင်လယ်နတ်ဆိုးတွေကို မှီခိုတဲ့ ဆန်းကြယ်တဲ့ အင်အားစုတစ်ခုရှိတယ် အဲ့ဒီဆန်းကြယ်တဲ့လူက အဲ့ဒီအင်အားစုရဲ့ ခေါင်းဆောင်တွေထဲက တစ်ယောက်ပဲ"
"ကောလဟာလတွေအရ သူဟာ ပင်လယ်အနက်ပိုင်းထဲမှာရှိတဲ့ စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့် နတ်ဆိုးကြီးတွေကို နှိုး‌ထစေနိုင်တယ်! ကျန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ သူက လှေကြီးငါးစီး ခြောက်စီးကိူ ဖျက်ဆီးခဲ့ပြီး လွတ်မြောက်သွားတဲ့ ကျင့်ကြံသူ နည်းနည်းပဲရှိခဲ့တယ်! အကြိမ်တိုင်းမှာ သူဟာ မျက်နှာဖုံးကို အမြဲတမ်းတပ်ပြီးတော့ ဘယ်သူမှ သူ့ပုံရိပ်အစစ်အမှန်ကို မသိကြဘူး.....ဒါကြောင့် အဆုံးမဲ့ပင်လယ်က ကျင့်ကြံသူတွေဟာ သူ့ကို ဆန်းကြယ်တဲ့လူကို ခေါ်ကြတာ!"

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Donde viven las historias. Descúbrelo ahora