အပိုင်း ၂၃၇ (စာစဉ် ၁၆ အပိုင်း ၁၂)

527 75 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၃၇ (စာစဉ် ၁၆ အပိုင်း ၁၂)
နတ်ဘုရားအာရုံတိုက်ခိုက်မှု

မကြာမီ ကျန်းဂျိကို သယ်လာပြီး တစ်ကိုယ်လုံး သွေးများဖြင့် ဖုံးလွှမ်းနေသည်။ သူ့အခြေတည်ဝိညာဉ်ပင် မရှိတော့ချေ။
ကျန်းဂျိ၏ အလောင်းကို မြင်သောအခါ ချန်ချန် အမှန်တကယ် အံ့အားသင့်သွား၏။
သူက ကောင်းကင်ဖမ်းဆုပ်ခြင်းအင်မော်တယ်နည်းစနစ်ကို ကျန်းဂျိအား ပေးခဲ့သော်လည်း ထိုနည်းစနစ်ကို သူ ကောင်းကောင်း နားမလည်ချေ။ တကယ်ဆို သူသည် ကိုးဆင့်ပြောင်းလဲခြင်းရွှေခန္ဓာနည်းစနစ်ကို ကျင့်ကြံပေသည်။

"ဒါက.....ကျုပ်ရဲ့ ညီလေးက တိုက်ပွဲထဲမှာ အရင်က နှစ်ခါသေခဲ့တယ်ပေါ့ အဲ့တာအမှန်ပဲလား?"
ချန်ချန့်လေသံသည် အနည်းငယ်တုန်ယင်နေသည်။ ယခု ကျန်းဂျိသည် အလွန်ကြောက်စရာကောင်းနေသည်။

"သူ တိုက်ပွဲထဲမှာ ပထမဆုံးအကြိမ်‌ ‌သေခဲ့တုန်းက ဒီတစ်ခေါက်ထက် နည်းနည်းပိုဆိုးတယ် ဒါပေမယ့် သူ ပြန်ရှင်လာခဲ့တယ်" စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် မိစ္ဆာကျင့်ကြံသူသည် လေးနက်သော အမူအရာဖြင့် ပြောလာသည်။

ချန်ချန် ဘာမှဆက်မမေးလိုက်သော်လည်း သိုလှောင်လက်စွပ်ထောင့်မှ ကောင်းကင်ဖမ်းဖမ်းဆုပ်ခြင်းအင်မော်တယ်နည်းစနစ်စာအုပ်ကို ထုတ်ယူကာ စတင်ဖတ်ရှုတော့၏။
ဤကောင်းကင်ဖမ်းဆုပ်ခြင်းအင်မော်တယ်နည်းစနစ်ကို ကျင့်ကြံပြီးနောက် စိတ်ဝိညာက်ပုံစံပေါ်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်သည် သေပြီးနောက် အသက်ပြန်ရှင်လာနိုင်သည့် အခွင့်အရေးတစ်ခုကို ရနိုင်ပေမည်။
ထိုသူ အသက်ပြန်ရှင်လာသည်နှင့် သူ့ခွန်အားသည် အလျင်အမြန်တိုးတက်လာပေလိမ့်မည်။
ကောင်းကင်အင်မော်တယ်ဖမ်းဆုပ်ခြင်းနည်းစနစ်ကို ကျင့်ကြံသော ကျင့်ကြံသူတစ်ယောက်သည် စိတ်ဝိညာဉ်ပုံစံပေါ်ခြင်းအဆင့်သို့ ရောက်သည်နှင့် ခန္ဓာကိုယ်ထဲတွင် အင်မော်တယ်အဆီအနှစ်တစ်ခု ပေါ်လာပြီး ထိုအင်မော်တယ်အဆီအနှစ်သည် အချိန်တိုအတွင်း ခန္ဓာကိုယ်အသစ် ဖွဲ့စည်းစေနိုင်ကာ  ပုံစံတည်ဝိညာဉ်ကိုပင် ပြန်လည်ဖြစ်ပေါ်စေနိုင်၏။
ထို့ကြောင့် လူတစ်ယောက်သည် ပြန်လည်ရှင်သန်နိုင်ပေသည်။
သို့သော်လည်း အင်မော်တယ်အဆီအနှစ် မရှိတော့လျှင် ပြန်လည်ရှင်သန်နိုင်ခြင်းမရှိတော့ချေ။
အင်မော်တယ်အဆီအနှစ်ဟူသည်က သူ ကောင်းကင်ဖမ်းဆုပ်ခြင်းအင်မော်တယ်နည်းစနစ်ကို ရရှိစဉ်က မြင်ကွင်းကို ပြန်သတိရသွားစေသည်။
၎င်းက ရွှေရောင်မိုးများ သူ့အပေါ်သို့ ရွာကျလာခြင်းပင်။
'သေပြီးတဲ့နောက် ပြန်လည်ရှင်သန်နိုင်တဲ့ အခွင့်အရေး ရှိတယ်လား? ပေါက်ကရတွေမလား?' ချန်ချန် ကျိန်ဆဲလိုက်သည်။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Donde viven las historias. Descúbrelo ahora