အပိုင်း ၂၅၅ (စာစဉ် ၁၇ အပိုင်း ၁၅)

493 61 1
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၅၅ (စာစဉ် ၁၇ အပိုင်း ၁၅)
စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း အထွတ်အထိတ်အဆင့်

ဤရက်များအတွင်း ချန်ချန် ကျောက်စိမ်းဆေးမီးဖိုကလန်တွင်သာ ရှိနေပြီး ဆေးပညာလေ့လာနေ၏။
သူသည် ဆေးလုံးများနှင့် မသန့်စင်မှုတစ်ချို့ပါဝင်သော ဆေးလုံးများကို မကြိုက်သော်လည်း အချို့ဆေးလုံးများသည် အလွန်အစွမ်းထက်ကြပြီး ရတနာများဖြင့် အစားထိုး၍မရချေ။
ထို့အပြင် နည်းစနစ်များ ပိုမိုတတ်ကျွမ်းခြင်းသည် မည်သည့်အန္တရာယ်မျှ မရှိချေ။

'ကောင်းကင်က တစ်ယောက်ယောက်ကို လှပခန့်ညားတဲ့ ရုပ်သွင်နဲ့ မဟာဉာဏ်ပညာကို ပေးထားရင် သူက အဲ့ဒီလူကို ပြီးပြည့်စုံစေချင်တယ်လို့ ဆိုလိုနေတာပဲ'
ချန်ချန် သူ့ဘာသာသူ အတွေးနက်နေသည်။
ဆန့်ကျင်ဘက်အနေဖြင့် အပြင်ဘက်တွင် အပြင်းအထန် ကျင့်ကြံနေသော ယွမ်ချင်းတန်သည် တစ်နေ့တွင် ပြိုင်ဘက်ကင်းဖြစ်လာလျှင်ပင် ပြီးပြည့်စုံမည်မဟုတ်ချေ။
အကြောင်းရင်းမှာ သူ၏ ရုပ်ရည်နှင့် ဉာဏ်ပညာသည် သူ့ကို ကန့်သတ်ထား၏။

"စီနီယာအကို အရင်နေ့က ကျွန်တော့ကို ပေးခဲ့တဲ့ ရတနာတွေကို သုံးပြီးပါပြီ နောက်ဆုံးတော့ မိစ္ဆာကလန်ရဲ့ ကလန်ခွဲခေါင်းဆောင်တွေကို ကျွန်တော် လိုက်မီသွားပြီ"
ယွမ်ချင်းတန်သည် စိတ်လှုပ်ရှားစွာဖြင့် ကျင့်ကြံနေခဲ့ပြီးနောက် ချန်ချန်ဆီသို့ အပြေးရောက်လာခဲ့သည်။
သူ့စကားကို ကြားပြီး ချန်ချန် တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ "ငါ ကလန်ခွဲခေါင်းဆောင်တွေကို ရတနာတစ်ချို့ ပေးခဲ့တယ် သိပ်မကြာခင် သူတို့ စိတ်ဝိညာဉ်ပုံစံပေါ်ခြင်းအဆင့်ကို ရောက်သွားကြလိမ့်မယ်"

၎င်းကို ကြားပြီးနောက် ယွမ်ချင်းတန်၏ အပြုံး‌သည် ‌တောင့်တင်းသွားပြီး တဖြည်းဖြည်း စိတ်ပျက်လက်ပျက်ဖြစ်လာ၏။
ဤလောကတွင် သူတစ်ယောက်တည်းသာ တိုးတက်နေခြင်းမဟုတ်ချေ။ အခြားသူများလည်း အဆင့်တက်နေကြသည်။
ယွမ်ချင်းတန်၏ ပုံစံကို မြင်ပြီး ချန်ချန် ခနတာ တိတ်ဆိတ်နေပြီး သူ့ကို နှစ်သိမ့်လိုက်သည်။ "ချင်းတန် မင်းက မှားယွင်းတဲ့လမ်းကြောင်းကို လျှောက်နေတာပဲ မင်း ကျင့်ကြံတာကို ဒီလောက်ထိ အရူးအမူးမဖြစ်သင့်ဘူး"
"မင်းရဲ့ အားသာချက်က ပုန်းကွယ်တာပဲ ပုန်းကွယ်ခြင်းရဲ့ အမြင့်ဆုံးအဆင့်က နတ်ဘုရားအာရုံထောက်လှမ်းမှု ဒါမှမဟုတ် အတိဒုက္ခရဲ့ ထောက်လှမ်းမှုကိုတောင် ရှောင်ရှားနိုင်စွမ်းရှိတာပဲ မင်း စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖျက်ပြီးတာတောင် နတ်ဘုရားအာရုံထောက်လှမ်းမှုကို ရှောင်ရှားနိုင်စွမ်း မရှိသေးဘူး"
"ကျွမ်းကျင်သူတွေဟာ မြင့်မားတဲ့ ကျင့်ကြံခြင်းအဆင့် မလိုအပ်ဘူးဆိုတာ မင်း သိထားရမယ် တစ်ခုခုကို ကျွမ်းကျင်ထားရင်လည်း ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာတာပဲ ကျောက်စိမ်းဆေးမီးဖိုကလန်ရဲ့ ဆေးပညာရှင်တွေလိုပေါ့"

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Onde histórias criam vida. Descubra agora