CH- 1

6.2K 249 5
                                    

အခန်း ၁ နိဒါန်း

က လကို ဖုံးအုပ်ထားကာ မူလက ပြေပြစ်သော လရောင်ကို ထူးထူးခြားခြား ကြောက်မက်ဖွယ် သွေးရောင်များလွှမ်းနေစေသည်။ လေထုသည်ပင် သွေးနံ့များ ပျံနှံနေပုံပေါ်နေသည်။ အထူးသဖြင့် နံနက် နှစ်နာရီအချိန်က အလွန်တိတ်ဆိတ်နေပြီး၊ အပြင်ဘက်မှ သစ်ရွက်ခြောက်ကြွေသံများကိုတောင် ကြားနေရတော့ ထူးဆန်းနေတဲ့ ညကောင်းကင်ကြီးကို ဘယ်သူကမှ ဂရုမစိုက်ခဲ့ပေ။

  တောက်ပနေသော မီးရောင်အောက်တွင် အခန်းထဲမှ ခွဲစိတ်ခန်းသုံးကိရိယာမျိုးစုံကို တွေ့နိုင်သော်လည်း၊ ဤသည်မှာ သမားရိုးကျ ခွဲစိတ်ခန်းမျိုး မဟုတ်ပေ။

  အမျိုးသမီး၏ မျက်နှာအများစုကို မျက်နှာဖုံးဖြင့် ဖုံးအုပ်ထားပြီး သူမ၏အသွင်အပြင်ကို ကောင်းစွာ မမြင်နိုင်ပေ။ တောက်ပပြီး စူးရှသော မျက်လုံးတစ်စုံက အဖြူရောင်စင်မြင့်ပေါ်ရှိ ခန္ဓာကိုယ်ကို စေ့စေ့ကြည့်နေသည်။ သူမက လက်ထဲမှ တိုင်းတာတဲ့ ကရိယာကို ဖယ်လိုက်ပြီး အေးစက်စက် အသံနဲ့ "သေဆုံးသူက အရပ် ၁၆၈ စင်တီမီတာရှိတဲ့ အမျိုးသမီး၊ အသက် ၂၀ နဲ့ ၃၀ ကြား၊ ခန္ဓာကိုယ်က ဆွေးမြေ့စပြုနေပြီ၊ ကနဦး ကောက်ချက်ချနိုင်တာကတော့၊ သေတာ တစ်လကျော်သွားပြီ"

  သူမနောက်တွင် မိန်းကလေးတစ်ယောက် မတ်တပ်ရပ်နေပြီး သူမ ပြောသမျှကို မှတ်နေကာ သူမလက်က ဘာကိုမှ လျစ်လျူမရှုဝံ့ပေ။

  အလောင်းပေါ်ရှိ သဲလွန်စတိုင်းကို သေသေချာချာ စစ်ဆေးကြည့်နေရင်း အလောင်း၏လက်ချောင်းများကို မြင်လိုက်ရသောအခါ ကျွော့ချင်းက မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏အသံက အေးစက်ငြိမ်သက်နေဆဲဖြစ်ပြီး "သေဆုံးသူရဲ့ လက်သည်းဆယ်ချောင်းစလုံးကို ဖယ်ရှားထားတယ်"

  "လက်သည်းဆယ်ချောင်းလုံး ဆွဲနုတ်ထားတာလား" ရှင်းလန်ရဲ့ လက်များက ရပ်တန့်သွားပြီး မော့ကြည့်လာကာ "ဒေါက်တာကျွော့၊ ဒါက ကွင်းဆက်လူသတ်မှု မဟုတ်ဘူးလား၊ ဒီအမျိုးသမီးအပါအဝင်ဆိုရင် လက်သည်းတွေ ဆွဲနုတ်ခံထားရတာ လေးယောက်ရှိနေပြီ"

  ကျွော့ချင်းက အလောင်းပေါ်ရှိ သဲလွန်စအားလုံးကို စစ်ဆေးရန် အာရုံစိုက်နေခဲ့ပြီး ပြန်မဖြေခဲ့ပေ။ ခဏအကြာတွင် သူမက အေးစက်စက်နဲ့ "ဒါက လူသတ်မှု ဟုတ်မဟုတ် စုံစမ်းစစ်ဆေးရေးဌာနက ဆုံးဖြတ်လိမ့်မယ်။ မှုခင်းဆရာဝန်တစ်ယောက်အနေနဲ့က မှတ်တမ်းတင်ဖို့ပဲ တာဝန်ရှိတယ်။ ငါ့တာဝန်က အလောင်းပေါ်က လက္ခဏာတွေအားလုံးကို အသေးစိတ် ဖော်ပြနိုင်ရင် ရပြီ"

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now