CH- 53

1.5K 208 7
                                    

  အခန်း ၅၃ လျှို့ဝှက်တိုက်ပွဲ

  အုန်း!!

  ယန်းဟုန်ထျန်းက စားပွဲရှည်ကြီးပေါ်သို့ လက်ကို ပြင်းပြင်းထန်ထန် ပုတ်ချလိုက်ရာ ကျယ်လောင်စွာ ထွက်ပေါ်လာသော အသံက ခန်းမတွင်းရှိ လူအားလုံးကို ထိတ်လန့်ရုံသာမက ခန်းမအပြင်ဘက်တွင် စောင့်နေသော ကောင်းကျင်းကိုပင် တုန်တုန်ယင်ယင် ဖြစ်သွားစေသည်။

  သူက သူမကို လက်ထပ်ချင်တယ်!

  ထိုစကားထွက်လာသည်နှင့် တပြိုင်နက် ယန်းဟုန်ထျန်းက ဒေါသထွက်သွားပြီး ကျွော့ချင်းက အံသြသွားကာ ချင်းဖုန့်က ခဏတာ စိတ်လွတ်သွားသည်။

"မင်း သူမကို လက်ထပ်ချင်တယ်လို့ ပြောနေတာလား?" သေမင်းတမန်လို အေးစက်နေတဲ့ နန်းတော်ခန်းမမှာ ယန်းဟုန်ထျန်းရဲ့တိတ်ဆိတ်နေတဲ့အသံက အထူးအေးစက်နေပုံပေါ်နေသည်။ ကျွော့ချင်းနဲ့ ချင်းဖုန့်တို့က တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အမှတ်တမဲ့ တံတွေးမျိုချလိုက်မိကြသည်။ လို့ရှီးယန်တစ်ယောက်သာ ယန်းဟုန်ထျန်း၏ ဒေါသထွက်နေသော အကြည့်ကို မမြင်သလို တည်ငြိမ်သော အမူအရာဖြင့် အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။ " ဟုတ်ပါတယ် "

  "မဖြစ်နိုင်ဘူး" ဆိုတဲ့ အသံက သွားတွေကနေ ညှစ်ထုတ်လိုက်သလို ထွက်လာပြီး ယန်းဟုန်ထျန်းက လို့ရှီးယန်ကို ဒေါသထွက်နေလား မထွက်နေလားတောင် ကျွော့ချင်းလည်း မသိနိုင်တော့ဘူး။ တိုတိုပြောရရင် ဒါက မကောင်းဆိုးဝါးရဲ့ လေတိုးသံပါပဲ။

 ယန်းဟုန်ထျန်းက လို့ရှီးယန်ကို စိုက်ကြည့်နေရင်း အခုနက သူ၏ မကောင်းသော အမူအရာများက ပျောက်သွားပြီး "ကိုယ်တော်ရဲ့အရာရှိလို့၊ မင်းက ကျန်းတို့ ချုံယွဲ့ရဲ့ အဆင့်မြင့်ဆုံး ဝန်ကြီးချုပ်ပါ၊ သူ(မ)က နိုင်ငံငယ်လေးကနေ လာတဲ့ မိန်းခလေးတစ်ယောက်လေ၊ လုံးဝမထိုက်တန်ဘူး၊ တကယ်လို့ မင်းက လက်ထပ်ဖို့ စိတ်အားထက်သန်နေတယ်ဆိုရင် ကျန်းက မင်းနဲ့လိုက်ဖက်တဲ့ အရည်အချင်းရှိတဲ့ မင်းသမီးတွေနဲ့ လက်ထပ်ပေးမယ်၊ ကျန်း မင်းကို ချောင်ယွမ်မင်းသမီးနဲ့ ချက်ချင်း လက်ထပ်ပေးမယ်"

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now