CH- 10

2.1K 209 3
                                    

အခန်း ၁၀ ပြစ်ဒဏ်မှလွတ်မြောက်ရန် သတ်သေသွားခြင်း

  နောက်တစ်နေ့...

  ယင်းထျန်းရုံးတော်....

  ကြီးမားပြီး တောက်ပသော ရုံးတော်ဧည့်ခန်းမ၏ အလယ်တည့်တည့်တွင် တောက်ပသော ကမ္ပည်းပြားတစ်ခု ချိတ်ဆွဲထားသည်။ ၎င်းကို နက်မှောင်သောပုံစံများဖြင့် ကျောက်စိမ်းကိုသုံးကာ ထွင်းထုထားသည်။ အနီရောင် သစ်သားဘောင်၏ နောက်ခံတွင် ရွှေရောင်အက္ခရာ အများအပြားကြောင့် တောက်ပနေပြီး အလွန်ဖမ်းစားနိုင်သည်။ လူတန်းနှစ်တန်းအနေဖြင့်ရပ်နေသော အနီရောင်၀တ်စုံကို ၀တ်ဆင်ထားသော ခွန်အားပြည့်ဝနေပုံပေါ်သည့် ရုံးတော်အစေခံများက လက်ထဲတွင် တုတ်ရှည်များကို ကိုင်ဆောင်ကာ ဘယ်ညာ ခွဲရပ်နေသည်။

  နားထောင်ခွင့်ရတဲ့ ရွာသူရွာသားတွေက ခန်းမရဲ့ အဆုံးအပြင်ဘက် အနီးအနားမှာသာ ရပ်နေနိုင်ကြပေမယ့် ရွာသူရွာသားတွေက အရပ်ရှည်ရှည်နဲ့ ဖြောင့်ဖြောင့်တန်းတန်း မတ်တပ်ရပ်နေကြပြီး သူတို့ရဲ့ ကိုယ်ခန္ဓာကို တတ်နိုင်သမျှ ဖြောင့်ဖြောင့်မတ်မတ် ရပ်နေပြီး ခေါင်းကို တတ်နိုင်သမျှ နိမ့်ချထားကြသည်။ အသက်ရှူသံတောင် အကျယ်ကြီး မထွက်ရဲဘူး။

  လူတစ်ယောက်ကလွဲရင်ပေါ့လေ...

  လို့ရှီးယန်က လက်နှစ်ဖက်ပိုက်ကာ တံခါးဘောင်ကို နောက်ကျောမှီလျက် တံခါးခုံပေါ်တွင် ထိုင်နေသော တစ်ခုတည်းသော ရုပ်ပုံကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ ကြမ်းတမ်းသိမ်ဖျင်းသော အပြုအမူက အစိုးရရုံးတော်၏ ဧည့်ခန်းမနှင့် မလိုက်ဖက်ပေ။ ဦးထုပ်အစုတ်က သူ့မျက်နှာအများစုကို ဖုံးအုပ်ထားတာကြောင့် သူ့အမူအရာကို မမြင်နိုင် သော်လည်း ထိုလူ့မျက်နှာမှာ ဒေါသတွေ ပြည့်နေမှာကို သူ မှန်းဆနိုင်သည်။

  ဒါကိုတွေးရင်း လို့ရှီးယန်က အကြောင်းပြချက်မရှိဘဲ ပျော်ရွှင်သွားခဲ့သည်။

  သူ ပျော်နေပေမယ့် တချို့လူတွေကတော့ ဒေါသထွက်နေသည်။

  ခုက မွန်းတည့် ဆယ့်နှစ်နာရီ မဟုတ်လား? ဒီလူမိုက်တွေက မနေ့ညက တညလုံး မအိပ်ကြပဲ ဘာတွေ ရှုပ်ယှက်ခတ်နေလဲ မသိတော့ဘူး။ ဒီမနက်စောစောမှာလည်း ပါရမီရှင်တွေက ကောင်းကင်မှာ အလင်းရောင်မှိန်မှိန်လေးသာရှိသေးတဲ့ အချိန်မှာ သူမကို ရုံး‌တော်တံခါးဆီကို ဆွဲခေါ်လာပြီး ရုံးတော်ရှေ့မှာ အခုအချိန်အထိ မိုက်မဲစွာ စောင့်ဆိုင်းနေခဲ့ကြသည်။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now