အခန်း ၁၃- အလောင်းခွဲစိတ်စစ်ဆေးခြင်း (အပိုင်း ၃)
သက်သေအထောက်အထားတဲ့လား? ကျွော့ချင်းက ရယ်မောလိုက်ပြီး ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်၊
"သက်သေအထောက်အထားက ဘယ်မှာရှိတယ်ဆိုတာ ပြောပြဖို့ သူ့ကို မေးလို့ရတယ်!"
သူကိုလား? လူတိုင်းက ကျွော့ချင်း၏အကြည့်နောက်သို့ လိုက်ကြည့်ကာ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော လင်းပါ့ခန်းကို တွေ့လိုက်ရသည်။ အတိအကျပြောရရင် တောင့်တင်းနေတဲ့ အလောင်းတစ်လောင်းပါ။ လူသေကောင်က အထောက်အထားတွေ ဘယ်မှာရှိတယ်ဆိုတာ ဘယ်လိုပြောနိုင်မှာလဲ?! လူတွေအားလုံးက အေးစက်တဲ့လေကို ရှုရှိုက်လိုက်ရသလို ခံစားလိုက်ပြီး သက်တောင့်သက်သာဖြစ်နေတဲ့ လို့ရှီးယန်ကလွဲရင် အားလုံးက မလိုလားအပ်ဘဲ နောက်ပြန်ဆုတ်သွားကြသည်။
"သေဆုံးရတဲ့အကြောင်းရင်းကို အရင်ပြောရအောင်"
ကျွော့ချင်းက အလောင်း၏လည်ပင်းကို ညွှန်ပြလိုက်ပြီး မော့ဘိုင်ကို ပြောလိုက်သည်။ "လည်ပင်းကို ကြွလိုက်"
ငါပဲဖြစ်ပြန်ပြီလား?! မော့ဘိုင်က သူ့စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်နေသော်လည်း သူ့လက်များက ကျွော့ချင်း၏ ညွှန်ကြားချက်ကို မငြင်းဆန်ဘဲ လိုက်နာနေကာ လင်းပါ့ခန်း၏လည်ပင်းကို ညင်သာစွာ မြှောက်လိုက်ရာ သူ့လည်ပင်းပေါ်ရှိ အရေးအကြောင်းများက ပြေလျော့သွားကာ သေဆုံးသူ၏ လည်ပင်းတွင် လည်ပင်းညှစ်ထားသည့် ကြိုးအရာများကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရသည်။
"သေဆုံးသူမှာ ထိခိုက်ဒဏ်ရာ ဒါမှမဟုတ် အဆိပ်ခတ်ခံရတဲ့လက္ခဏာတွေလို တခြားထင်ရှားတဲ့ လက္ခဏာတွေ မတွေ့ခဲ့ရဘူး။ အသက်ရှူကြပ်တဲ့ လက္ခဏာတွေက ထင်ရှားနေတယ်။ သေဆုံးရတဲ့ အကြောင်းရင်းကတော့ လည်ပင်းကို ခါးစည်းကြိုးနဲ့ ချည်ခံရကြောင့် အသက်ရှူကျပ်ပြီး သေဆုံးတာပါ"
ကျွော့ချင်းက ထိုသို့ပြောပြီးတာနဲ့ ဝမ့်ပမ်ရှန့်က ချက်ခြင်းပဲ နှာမှုတ်လိုက်သည်။ ဒါက သူပြောခဲ့တဲ့စကားတွေနဲ့ ဘာကွာခြားလို့လဲ? မလိုအပ်ပဲ တမင်တကာ ရှုပ်ထွေးအောင် လုပ်နေခြင်းပင်။
YOU ARE READING
နာကြည်းမှုတွေ လွင့်ပျယ်စေ...
Historical Fiction"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)"