CH- 51

1.5K 195 13
                                    

အခန်း ၅၁ ထိုယောကျာ်း၏အတွေးများ (အပိုင်း ၁)

  ကျွော့ချင်းက အသက်ကို ပြင်းပြင်းရှူကာ ငြိမ်သက်သွားပြီး "ရှင် လူမှားနေတာ၊ ကျွန်မက ချင်းလင် မဟုတ်ဘူး၊ ချင်းဖုန့်..."

အရာအားလုံးက သူ့စကားတွေပဲလေ...သူ့ဘာသာ တစ်ဖက်သတ်ပြောနေတာလေ... သူမက ချင်းလင်ဆိုတာ သက်သေမပြနိုင်ရင် သူ ဘာလုပ်နိုင်မှာလဲ!

  သူသာ သက်သေမပြနိုင်ရင် သူမက အသေခံပြီး ငြင်းဆန်နေမယ့်ပုံပါပဲ။ ကောင်းပြီ၊ ဒါဆို သူ့ကို အပြစ်မတင်နဲ့တော့...

  ယန်းဟုန်ထျန်း၏ မျက်လုံးများတွင် လှောင်ပြောင်ရိပ်များ တောက်ပလာသောကြောင့် ကျွော့ချင်းက သူမ၏ နှလုံးသားထဲတွင် အေးခဲသွားသလို ခံစားလိုက်ရသည်။

  ဟုတ်ပါတယ်... ယန်းဟုန်ထျန်းက လက်တစ်ဖက်နဲ့ ကျွော့ချင်းရဲ့မေးစေ့ကို ဆွဲကိုင်ထားပြီး အခြားလက်တစ်ဖက်ဖြင့် သူမ၏ဝတ်ရုံကို ဆွဲဖြဲလိုက်သည်။

အာ.. သူမရဲ့ ရင်ဘတ်နားမှာ အေးစက်မှုတစ်ခု ခံစားလိုက်ရသည်။ မေးစေ့ကို ဆုပ်ကိုင်ခံထားရတာကြောင့် ကျွော့ချင်းက သူမရဲ့ ခေါင်းကို ငုံမကြည့်နိုင်ပေမယ့် စုတ်ပြဲသွားတဲ့ အထည်တွေရဲ့ အသံနဲ့ သူမ၏ ညာဘက်ပခုံးမှ နာကျင်ကိုက်ခဲမှုကြောင့် ဘာတွေ ဖြစ်နေလဲဆိုတာကို ခန့်မှန်းဖို့ မခက်ခဲပါဘူး။ အခုအချိန်တွင် သူမ၏အပေါ်ပိုင်းထက်ဝက်နီးပါးက အဝတ်ဗလာဖြစ်နေမည်ကို သူမပြောနိုင်သည်။

  အခု သူမက အတွင်းဝတ်များကို ၀တ်ဆင်ထားဆဲဖြစ်သော်လည်း ခေတ်မှီကျောပြောင်အင်္ကျီများ ကဲ့သို့ ဖြစ်နေသည်။ ကျွော့ချင်းက မကြုံစဖူး အရှက်ရသွားသလို ခံစားလိုက်ရသည်။ သူမက သူမ၏မာန အနည်းငယ်ကြောင့် သူမ‌‌ရှေ့မှလူကို အေးစက်စွာ ကြည့်ရင်း၊ အေးစက်သော လေသံဖြင့် "ရှင် ဘာလိုချင်သေးလို့လဲ!"

သူမကို ပိုင်ဆိုင်လိုက်တာနဲ့ သူမက နာခံမှုရှိရှိနဲ့ သူ့မိန်းမဖြစ်လာလိမ့်မယ်လို့ သူထင်နေရင်တော့ သူ ဘယ်လောက် မိုက်မဲတယ်ဆိုတာကို သူ သိသွားဖို့ သူမ လုပ်ပေးနိုင်ပါတယ်။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now