CH- 48

1.5K 186 2
                                    

  အခန်း ၄၈ လူသတ်သမားက မင်းပဲ (အပိုင်း ၁)

  အေးစက်စက် အမျိုးသမီးအသံက သူ့စကားတွေကို နှောင့်ယှက်လိုက်သောကြောင့် ယန်းဟုန်ထျန်းရဲ့ မျက်နှာက မည်းမှောင်သွားခဲ့သည်။ သူမက သူ့ကို တကယ်ပဲ ဆန့်ကျင်ချင်နေတာလား? အခုန သူမကိုယ်တိုင် ရှရွှင်းစစ်က တရားခံ ဖြစ်နိုင်တယ်လို့ ရှင်းရှင်းလင်းလင်း ကောက်ချက်ချခဲ့ပြီး အခု သူမက ရှရွှင်းစစ်က လူသတ်သမားမဖြစ်နိုင်ဘူး ပြောနေပြန်သည်။

ကျွော့ချင်း ဒီလိုပြောလိုက်တာက သူမမှာ အကြောင်းပြချက်ရှိမယ်လို့   ရှန်ယုလန်က ယုံကြည်ခဲ့ပေမယ့် ဧကရာဇ်ရဲ့မျက်နှာပေါ်မှာ မကျေနပ်မှုတွေကို မြင်လိုက်ရတာကြောင့် ရှန်ယုလန်က ချက်ချင်း မေးလိုက်သည်။ "သေဆုံးသူက ဦးခေါင်းနောက်ဘက်မှာ အပ်တစ်ချောင်း ထိုးသွင်းခံလိုက်ရပြီး သေဆုံးသွားတဲ့အတွက် မင်းသမီးအနားကို နောက်ဆုံးချဥ်းကပ်ခဲ့တဲ့သူက တတိယမင်းသားလေ၊ သူက ဘာလို့ ပြစ်မှုကျူးလွန်နိုင်ခြေ အနည်းဆုံးလူ ဘာလို့ဖြစ်သွားတာလဲ?"

 ကျွော့ချင်းက ပိတ်ကျဲစကန့်လန့်ကာကို ရုတ်သိမ်းလိုက်ပြီး ကြွေပန်းကန်ပြားတစ်ချပ်နဲ့ ထွက်လာကာ သူမလက်ထဲမှ ပစ္စည်းကို ရှန်ယုလန်ကို ပေးလိုက်သည်။ ကျွော့ချင်းက "ကျွန်မ ဦးနှောက်ဒဏ်ရာကို ပြန်ချုပ်နေတဲ့အချိန်မှာ ဒါကို တွေ့မိလို့ပဲ"

ဦးခေါင်းအနောက်ဘက်ရှိ ဒဏ်ရာက ၎င်းထဲသို့ အပ်တစ်ချောင်းကို တိုက်ရိုက်ထိုးသွင်းခြင်းကြောင့် ဖြစ်ရခြင်းဖြစ်သည်ဟု ယူဆခဲ့သော်လည်း ထိုသို့ဖြစ်မလာပေ။

  "ဒါက..." ရှန်ယုလန်က ကြွေပန်းကန်ပြားကို ကြည့်လိုက်ချိန်မှာ ကြွေပန်းကန်ပြားပေါ်မှာ ဆံပင်ထက် အနည်းငယ်ပိုထူပြီး တစ်လက်မခန့်အရှည်သော အနက်ရောင်အချောင်းလေးတစ်ခုကို တွေ့လိုက်ရသည်။ ရှန်ယုလန်က အချိန်အတော်ကြာအောင် သေချာစွာ ကြည့်ရှု့ပြီးနောက် မဝံ့မရဲ ပြောလာခဲ့သည်။ "ဒါက ငွေအပ် မဟုတ်လား"

  ရှရွှင်းစစ်ကလည်း စူးစူးဝါးဝါး လှမ်းကြည့်လိုက်သည်။ ထိုအရာက ညစ်ညမ်းနေသော ငွေအပ်တစ်ချောင်း ဖြစ်နေပုံရသည်။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now