CH- 94

1K 112 0
                                    

အခန်း ၉၄ အရေးကြီးသော သဲလွန်စများ

  "ဘာ?" ဝူကျစ်ကန်းက ရုတ်တရက် ထရပ်လိုက်ကာ ခန်းဆီးရဲ့တစ်ဖက်ကို ပြေးသွားလိုက်ပြီး ကျွော့ချင်းကို လက်ညိုးထိုးကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ဒါက မဖြစ်နိုင်ဘူး၊ ငါ့သမီးက အကျင့်စာရိတ္တကောင်းမွန်ပြီး အပြစ်ကင်းစင်တဲ့သူတစ်ယောက်ပဲ၊ သူ(မ)မှာ ကိုယ်ဝန်ရှိနိုင်မှာ မဟုတ်ဘူး။ မင်းက ဘာလို့ သူ(မ)မှာ ကိုယ်ဝန်ရှိနေတယ်လို့ ကောက်ချက်ချရတာလဲ??"

  ကျွော့ချင်း၏ မျက်နှာအသွင်အပြင်က ပုံမှန်အတိုင်း ရှိနေပြီး သူမက ဝူကျစ်ကန်း၏စွပ်စွဲနေသော မျက်လုံးများကို တည့်တည့်ရင်ဆိုင်လိုက်ပြီး "သေဆုံးသူရဲ့ ဝမ်းဗိုက်က သိသိသာသာ ဖောင်းနေပြီး သူ(မ)က အပျိုမဟုတ်..."

  "ဝမ်းဗိုက်ဖောင်းနေတာနဲ့ ကိုယ်ဝန်ရှိနေတယ်လို့ ဆိုလိုနေတာလား?? ဒါက ရယ်စရာပဲ!!"

ကံမကောင်းစွာနဲ့ပဲ ကျွော့ချင်း စကားမဆုံးခင်မှာ ဝူကျစ်ကန်းက မခံမရပ်နိုင်ဖြစ်လာပြီး ထအော်လိုက်သည်။ "ရှအာက သူ(မ)အသက်ရှိနေတုန်းက ဗိုက်နာတယ်လို့ မကြာခဏ ပြောခဲ့ဖူးတယ်၊ ဖြစ်နိုင်တာက . . . ရောဂါက ဘာလဲဆိုတာ သေချာမသိပေမယ့် ကိုယ်ဝန်ရှိမနေတာတော့ သေချာတယ်!"

လက်မထပ်ရသေးသော အမျိုးသမီးငယ်လေးက အမှန်တကယ် ကိုယ်ဝန်ရှိနေခဲ့လျှင် ၎င်းက မိသားစုအစဉ်အလာကို ရိုးရှင်းစွာ စော်ကားလိုက်ခြင်းသာဖြစ်ပြီး မိသားစုများကို အရှက်ကွဲစေမည်ဖြစ်သည်။ ဤသို့ဖြစ်ခဲ့လျှင် ဝူမိသားစုကို သူ ဘယ်လို ရှင်းပြရတော့မှာလဲ?? ဒါက မဖြစ်နိုင်ဘူး၊ ရှအာက လုံးဝ ကိုယ်ဝန် မရှိနိုင်ဘူး!

(T/N: ဒီနားမှာ ဝူမိသားစုဆိုတာက သူ့သမီးနဲ့ စေ့စပ်ထားတဲ့ ဝူမိသားစုပါ e-Tran မှာတော့ နှစ်ယောက်လုံးကို Wu လို့သုံးပေမယ့် တရုတ်စလုံးပေါင်းကတော့ မတူပါဘူး 吳နဲ့ 武ပါ)

  ဘေးတွင်ရပ်နေသော ကျန်းရှင်းက ဝမ်းနည်းပူဆွေးမှုများ၊ သောကများနှင့် ဒေါသများကြောင့် အသက်ရှူမဝဖြစ်နေသော ဝူကျစ်ကန်းကို လျင်မြန်စွာ ကူတွဲပေးလိုက်ပြီး ကျွော့ချင်းကို မျက်မှောင်ကြုတ်ကြည့်နေကာ လေးနက်သောလေသံဖြင့် ပြောလိုက်သည်။ "ဒီက သခင်မလေး၊ သူ့(မ)ရဲ့ဝမ်းဗိုက် ဖောင်းပွနေတာက ဝမ်းဗိုက်ထဲက ရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ကြောင့် မဟုတ်ဘဲ အဖုအကျိတ်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မင်းရဲ့ အလျင်စလို ပေါ့ပေါ့ပါးပါး ပြောလိုက်တဲ့ ကောက်ချက်က မိန်းမပျိုလေးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်သွားစေနိုင်တယ်"

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now