အခန်း ၄၉ လူသတ်သမားက မင်းပဲ (အပိုင်း ၂)
လူသတ်သမားက ဘယ်သူလဲ???
ဒီလက်ကောက်က လူသတ်လက်နက်လား?!
ခုလိုတွေပြောပြီးသွားတော့ ဒီလက်ကောက်က လျှို့ဝှက်လက်နက် မဟုတ်ဘူးလား?!
လက်ကောက်က လျှို့ဝှက်လက်နက်ဆိုရင်တောင် အဲ့တာက ဘာမှ ထူးခြားတာတွေ ရှိမနေတာကြောင့် သူ ဘယ်လို သက်သေပြရမလဲ???
ရှန်ယုလန်က လက်ထဲတွင် လက်ကောက်ကို ကိုင်ထားပြီး အတွေးနက်နေကာ နုတ်ဆိတ်နေသည်။ ဟူရှီအန်းက ရှန်ယုလန်ကို အေးစက်စွာကြည့်ကာ ဘာမှပြန်မပြောဘဲ သူ့လက်ကောက်ကို ပြန်ယူရန်သာ စိတ်အားထက်သန်နေခဲ့သည်။
ကျွော့ချင်းက မကြာသေးမီက အလောင်းကို ခွဲစိတ်စစ်ဆေးစဉ်တွင် ဆောင့်ကြောင့်ထိုင်နေခဲ့ရခြင်းကြောင့် နာကျင်နေသော ခြေထောက်များကို နှိပ်နယ်နေခဲ့သည်။ သူမက တခြားလူများက ဂရုမစိုက်ပုံရသော်လည်း မိုဘိုင်နှင့် စကားစမြည်ပြောနေပုံရသည်။ သူမ၏ အသံမက အနည်းငယ် ကျယ်လောင်လာသည်။ "ချုံယွဲ့မှာရှိတဲ့ စစ်ချုံးအဆိပ်အတောက်က ထူးခြားတယ်လို့ ရှင် ပြောခဲ့တာကို ကျွန်မ မှတ်မိတယ်။ အဲ့တာက တခြား အဆိပ်တွေက မတူဘူး မဟုတ်လား?"
မော့ဘိုင်က ကျွော့ချင်း နည်းလမ်းတစ်ခုကို စဉ်းစားထားပြီးသားဖြစ်ကြောင်း ယောင်ဝါးဝါး ခံစားလိုက်မိတာကြောင့် တုံ့ပြန်လိုက်သည်။ "ဟုတ်ကဲ့"
ကျွော့ချင်းရဲ့ပခုံးက တွန့်သွားပြီး အမူအရာ အနည်းငယ်ပြောင်းလဲသွားသော ဟူရှီအန်းကို ကြည့်ကာ "ဒီကိစ္စမှာ လက်ကောက်ထဲမှာ ဝှက်ထားတဲ့ လက်နက်ကို ဖွင့်လို့ မရရင်တောင် လက်ကောက်ပေါ်က သေစေလောက်တဲ့ အနီရောင်စစ်ချုံးကို သက်သေပြနိုင်ရင် စစ်သူကြီးဟူက သေသေချာချာ ရှင်းပြဖို့ လိုလိမ့်မယ်"
ဟုတ်တယ်! လူသတ်သမားက ချုံယွဲ့ကို ချောက်ချရန် ချုံယွဲ့၏အထူးအဆိပ်ကို ရွေးချယ်ခဲ့သည်။ ထိုကဲ့သို့သော ထူးခြားမှုက သူ့ကိုယ်သူ ဖော်ထုတ်ရန် ပိုမိုလွယ်ကူစေခဲ့သည်။ သူတို့က ဝှက်ထားသောလက်နက်ကိုသာ ရှာရန် ကြိုးစားနေခဲ့သည်။ တကယ်တော့ အဆိပ်နှင့်လည်း စတင်နိုင်သည်။ ရှန်ယုလန်က သူ့လက်ထဲက လက်ကောက်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့မျက်လုံးတွေက တောက်ပလာကာ "တစ်ယောက်ယောက် လာစမ်း၊ ဒီကို ရေခွက်တစ်ခုယူလာခဲ့"
YOU ARE READING
နာကြည်းမှုတွေ လွင့်ပျယ်စေ...
Historical Fiction"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)"