CH- 97

1.1K 114 0
                                    

အခန်း ၉၇ အချဉ်းနှီးဖြစ်သွားတဲ့ ပျော်ရွှင်မှု

  ကျန်းရှင်းက ရုတ်တရက် သူ၏အပြုံးကို ပြန်ထိန်းလိုက်ပြီး ကုယွင်ကို စိုက်ကြည့်ကာ "ငါ ပြောတာက ငါ အဲ့ဒိကျောက်စိမ်းဆွဲပြားကို တခါမှ မတွေ့ဖူးဘူး။ မင်းတို့ မယုံရင် ရှာကြည့်နိုင်တယ်!"

  ရှာနိုင်တယ်လို့ ပြောလိုက်တာလား??? ဘာလို့ သူကိုယ်သူ ဒီလောက် ယုံကြည်မှုရှိနေတာလဲ??? ဒါမှမဟုတ်ကြိုတင် ပြင်ဆင်ထားပြီးပြီလား??!

  ကုယွင်၏အမူအရာက အေးစက်သွားကာ "ရှာလိုက်!"

  ချန်ဟန့်နှင့် လုကျင်းတို့က တစ်ယောက်ကို တစ်ယောက်ပြန်ကြည့်နေပြီး ကုယွင်က အဘယ်ကြောင့် ကျန်းရှင်းကို လူသတ်သမားဟု အခိုင်အမာ ယုံကြည်နေသည်ကို နားမလည်နိုင်ဘဲ အံ့သြနေကြသည်။ သို့သော် ကျန်းရှင်းက ရှာဖွေရန် သဘောတူထားသောကြောင့် သူတို့က ရှာဖွေရတော့မည်ပင်။

  သူတို့နှစ်ယောက်က တစ်ယောက်က ဧည့်ခန်းထဲမှာရှာဖွေ‌နေပြီး တစ်ယောက်က ကန့်လန့်ကာခြားထားသော အတွင်းခန်းထဲတွင် ရှာဖွေနေခဲ့ကြသည်။ အဲဒီအတောအတွင်းမှာ ကျန်းရှင်းက ငြိမ်သက်နေပေမယ့် ကုယွင်ရဲ့ စူးရှတဲ့ မျက်လုံးတွေကတော့ သူ့မျက်နှာကနေ ဘယ်ကိုမှ မရွေ့လျားသွားပါဘူး။

  ချန်ဟန့်က ဗီရိုအတွင်းမှအဝတ်အစားများကို လှုပ်ခါလိုက်ရာ အဝတ်အစားများအတွင်းမှ ဖြူဖျော့ဖျော့အရာတစ်ခု ပြုတ်ကျလာသည်။ ချန်ဟန့်က အံသြသွားပြီး လှမ်းဖမ်းရန် သူ့လက်ကို အမြန်ဆန့်တန်းလိုက်သည်။ သို့သော် ထိုအရာအရာဝတ္တုက ကြီးကြီးမားမား မဟုတ်သောကြောင့် သူ့လက်ထဲတွင် ခုန်ပေါက်သွားကာ နောက်ဆုံးတွင် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ထိုအရာလေး မြေပြင်ပေါ်မှ ပြုတ်ကျရာမှ ထွက်လာသော အသံက ကြည်လင်ပြတ်သားလွန်းနေတာကြောင့် လူတိုင်း၏အာရုံကို စွဲဆောင်လိုက်သလို ဖြစ်သွားခဲ့သည်။

  ချန်ဟန့်က ထိုပစ္စည်းကို ကောက်ကိုင်လိုက်ပြီး ကျန်လူများကို ရှက်ရွံ့စွာ ပြုံးပြလိုက်ကာ "တောင်းပန်ပါတယ်၊ ငါ မင်းရဲ့ပစ္စည်းတွေကို လွှတ်ချမိလိုက်တယ်"

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now