CH- 20

2K 211 6
                                    

အခန်း ၂၀ ချောင်ယွမ်မင်းသမီး

  ညနေခင်း၏ အလှဆုံးအချိန်လေးတွင် ရွှေရောင်အလင်းတန်းများက တိမ်များကို ထိုးဖောက်ဝင်ရောက်ကာ အပြာရောင်ကောင်းကင်ကြီးကို အနီရောင်ဆေးဆိုးပေးထားပြီး တောက်ပနေစေသည်။ ဥယျာဉ်၏ရနံ့နှင့် ကျောက်ဆောင်များ၏ ရနံ့များအပြင် တောက်ပနေသော အပြုံးလေးများရှိနေသည်။ လို့ရှီးယန်က ပန်းခန်းမအပြင်ဘက် ဝင်းတံခါးဆီသို့ လျှောက်လာရင်း ခဏရပ်လိုက်ပြီး အသံတိုးတိုးနဲ့ "မော့ဘိုင်၊ သူ(မ)ကို စောင့်ကြည့်ထား"

သူမရဲ့ စရိုက်လက္ခဏာနဲ့ စိတ်အခြေအနေနဲ့ဆိုရင် သူမက ဝန်ကြီးချုပ်ရဲ့ အိမ်တော်မှာ နာခံမှုရှိရှိနဲ့ ကြာကြာနေနိုင်မှာ မဟုတ်ဘူး။ သူမနှင့်ပတ်သက်သော လျှို့ဝှက်ဆန်းကြယ်မှုများက များပြားလွန်းနေပြီး ၎င်းတို့ကို အဖြေရှာမရမချင်း သူမကို သူ၏ထိန်းချုပ်မှုအောက်မှ ဘယ်တော့မှ လွတ်ခွင့်ပေးမည် မဟုတ်ပေ။

  "ဟုတ်ကဲ့" မော့ဘိုင်က ပြောပြီးတာနဲ့ ကျောက်တုံးတွေကြားထဲကနေ ပျောက်ကွယ်သွားသည်။ သက်ရှိလူသားတစ်ယောက်က သူ့မျက်လုံးရှေ့ကနေ ချက်ချင်း ပျောက်သွားတာကြောင့် မြင်တဲ့သူတိုင်းကို ကြောက်လန့်သွားစေလိမ့်မည်ဖြစ်သော်လည်း လို့ရှီးယန်က ကျင့်သားရနေခဲ့သည်။ သူက သူ့အဝတ်အစားတွေကို အနည်းငယ် သပ်ရပ်အောင် ပြင်လိုက်ပြီး ပါးစပ်ထောင့်က အနည်းငယ် ပင့်နေသေးသည်။ သူ၏ မျက်လုံးများက ရယ်မြူးရိပ်များဖြင့် ပြည့်နှက်နေသည်။ သို့သော် ပန်းခန်းမခြံဝင်းထဲသို့ လှမ်းဝင်လိုက်သည်နှင့် ထိုအပြုံးအရိပ်အယောင်ကို မတွေ့ရ‌တော့ပေ။

  လို့ရှီးယန်က ခြံဝင်းထဲကို လှမ်းကြည့်လိုက်တော့ ပင်မထိုင်ခုံမှာ ထိုင်နေတဲ့ ယန်းရူရွှယ်က သူ့ကို တစ်ချက်လှမ်းကြည့်တာကို မြင်လိုက်ရသည်။ နေရောင်က သူ့နောက်ကနေ ထွန်းလင်းနေတာကြောင့် သူက ရွှေရောင်အလင်းတန်းထဲမှာ လျှောက်လှမ်းနေသလိုဖြစ်နေသည်။ အဖြူရောင်ကျောက်စိမ်းသရဖူ၊ အနီရင့်ရင့်အရောင်နှင့် ခရမ်းရောင်များရောစပ်ပါဝင်နေသော ရွှေရောင်ဝတ်ရုံက သူ့ကို ပို၍ ကြီးကျယ်ခမ်းနားကာ ချောမောနေစေသည်။ အထူးသဖြင့် သူ့ပါးစပ်ထောင့်မှာ အပြုံးက မပျက်မယွင်းရှိနေပြီး ငှက်မွှေးလေးလို ပေါ့ပါးနေကာ နွေးနွေးထွေးထွေး ပြန်ပျောက်ကွယ်သွားပုံက မြင်လိုက်သူတိုင်း၏ နှလုံးသားကို တုန်လှုပ်စေနိုင်သည်။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now