CH- 96

1K 112 0
                                    

အခန်း ၉၆ လူသတ်သမားကို တွန်းအားပေးခြင်း

  ယွဲ့လိုင် လက်ဖက်ရည်ဆိုင်တွင်...

  "လျန်သုံးထောင်!! သေချာလား?!"

ချမ်ကျင်း၏မျက်လုံးများက တဖျပ်ဖျပ်တောက်ပလာပြီး သူက သူ၏ပုံမှန်သတိကင်းမဲ့နေတက်သော ပေါ့ပျက်ပျက် အမူအရာများကို ဖယ်ထုတ်လိုက်ပြီး ကျွော့ချင်းကို တည်တည်တန့်တန့် စိုက်ကြည့်နေသည်။

  မျှော်လင့်ထားသည့်အတိုင်း သူက ပိုက်ဆံကို သဘောကျတက်သူဖြစ်ပြီး ငွေအကြောင်းကို ကြားလိုက်တာနဲ့ သူက စိတ်လှုပ်ရှားပြီး တက်ကြွလာတော့သည်။ ကျွော့ချင်းက ပျင်းရိစွာ ခေါင်းညိတ်ပြလိုက်ချိန်တွင် ချမ်ကျင်းက ချက်ချင်း အော်ပြောလိုက်သည်။

"ငါ သွားဖမ်းမယ်"

လူသုံးယောက်ခွဲဝေယူရမယ်ဆိုရင်တောင် လျန်သုံးထောင်ဆိုတာက တကယ့်ကို ရက်ရောတဲ့ ပမာဏပါ။ အတူလက်တွဲလုပ်ကိုင်ပြီး ဖမ်းမိသွားရင် လူတစ်ယောက်ကို လျန်တစ်ထောင်လောက် ရနိုင်တယ်လေ။

ဒီလို အရောင်းအဝယ်မျိုးကို မလုပ်ပဲ နေစရာလား???

 ကျွော့ချင်းက သူတို့ကိုယ်သူတို့ ထိန်းထိန်းသိမ်းသိမ်းရှိနေကာ တည်ငြိမ်အေးချမ်းစွာ ထိုင်နေပြီး ဘာစကားမှ မပြောသေးတဲ့ လူနှစ်ယောက်ကို ကြည့်လိုက်ပြီး "အော်ထျန်းနဲ့ယဲ့မိန်၊ ရှင်တို့ရော ဘယ်လိုလဲ"

တကယ်တော့ ဒီနေ့အတွက် သူမရဲ့ အဓိကပစ်မှတ်က သူတို့နှစ်ယောက်ပါ။

  "ငါ အချိန်မရဘူး" ငွေရောင်ဆံပင်အနည်းငယ် တွဲလောင်းကျနေသော အမျိုးသား၏ အမူအရာက စိတ်ဝင်စားမှုမရှိသလို သူ၏ကြမ်းရှရှ အသံကလည်း အေးစက်မြဲ အေးစက်နေသည်။

  ထားလိုက်ပါတော့... သူ့နဲ့ ထပ်ငြင်းနေလည်း နိုင်မှာ မဟုတ်ဘူး၊ သူရဲ့မျက်နှာမှာ သူ့ရဲ့ ငြင်းပယ်မှုကို ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။

  ရွှေရောင်မျက်နှာဖုံးက အမျိုးသမီး၏အမူအရာကို ဖုံးအုပ်ပေးထားပြီး အေးစက်စူးရှသော မျက်လုံးတစ်စုံကိုသာ မြင်နေရသည်။ ကျွော့ချင်းက သူမ တွေးနေသည့်အရာကို မခန့်မှန်းနိုင်သောကြောင့် "ယဲ့မိန်၊ မင်းရော ဘယ်လိုလဲ"

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now