CH- 83

1.2K 146 1
                                    

အခန်း ၈၃ ရှီးယန်ရဲ့ဒေါသ

  ထိုအခိုက်အတန့်တွင် တော်ဝင်ကိုယ်‌ရံတော်တပ်ဖွဲ့တစ်ဖွဲ့က ကြာရေကန်သို့ထဲ ခုန်ဆင်းလာကြသည်။ ကြာရေကန်က လူများဖြင့် ပြည့်နှက်သွားပြီး ပရမ်းပတာ ဖြစ်နေကာ သူတို့အားလုံးက လို့ရှီးယန်ဆီသို့ ကူးခတ်နေကြပြီး သူမကို ကယ်တင်ရန် မည်သူမှ အလေးအနက် မထားခဲ့ကြပေ။

  ယန်းဟုန်ထျန်းကလည်း ကြာရေကန်ဆီသို့ လှမ်းကြည့်လိုက်သည်။ အဝေးမှနေပြီး လို့ရှီးယန်က ရေကန်ထဲသို့ ခုန်ဆင်းသွားသည်ကို သူ တွေ့လိုက်ရသည်။ ရှီးယန်က ချင်းလင်အတွက် အရမ်းထိတ်လန့်နေတာကြောင့် သူက လူများကို သူမကို ကယ်တင်စေရန် ရေထဲသို့ အလျင်အမြန်ဆင်းစေမည်ဟု သူ မျှော်လင့်ထားပြီးသားပင်။ ဒါပေမယ့် အရင်တုန်းက ရှီးယန်က ချင်းလင်ကို ဒီလောက်အထိ အလေးအနက်ထားမယ်လို့ သူ မမျှော်လင့်ထားခဲ့ပါဘူး။

  "ဧကရာဇ်မင်းမြတ်... သက်တော်ရာကျော်ရှည်ပါစေ"

"ဧကရာဇ်မင်းမြတ် သက်တော်ရာကျော်ရှည်ပါစေ"

ကြာပန်းရေကန်နားမှ လူတိုင်းက ယန်းဟုန်ထျန်းကို တွေ့လိုက်ရတာကြောင့် သတိပြန်ဝင်လာပြီး ကမန်းကတန်း အရိုအသေပေးလိုက်ကြသည်။ ခြွင်းချက်အနေနဲ့ ဂါရဝပြတဲ့လူတွေထဲမှာ လို့စုရှင်းရယ် ယန်ကျီလန်ရယ် မပါဘူး၊ ပြီး‌တော့ ရေကန်ကို စူးစူးစိုက်စိုက်ကြည့်နေတဲ့ ချင်းဖုန့်လဲ မပါပါဘူး။ အမြဲတမ်း အေးစက်ပြီး တည်ငြိမ်သော ချင်းဖုန့်က ထိတ်လန့်တုန်လှုပ်နေကာ ခြေလက်များပင် တုန်ယင်နေခဲ့သည်။

 ယန်းဟုန်ထျန်းက သူတို့နှင့် ပြောဆိုဆက်ဆံရန် စိတ်မ၀င်စားနိုင်သေးဘဲ သူ့လက်ကို ဝှေ့ယမ်းကာ "ယဉ်ကျေးနေဖို့မလိုပါဘူး၊ ထကြတော့"

  မယ်တော်မိဖုရားကြီးများနှင့် နန်းတော်မှ မောင်းမမိဿံများမှ လွဲပြီး အခြားမင်းမျိုးမင်းနွယ်များမှ အမျိုးကောင်းသမီးများနှင့် သမီးပျိုများအားလုံးကို တော်ဝင်ဥယျာဉ်မှ ပြန်ထွက်ခွာခိုင်းလိုက်သည်။

  "ကောင်းကျင်း၊ တော်ဝင်သမားတော်!" ကြာရေကန်ထဲမှာ လူကို ရှာမတွေ့တာ အချိန်ကြာနေပြီဖြစ်တာကြောင့် ချင်းလင်က ဘယ်လိုရေကူးရ မှန်းမသိရင် အခုချိန်ဆို ရေမွန်းနေနိုင်သည်။ ရှီးယန်က သူမကို အရမ်း ဂရုစိုက်တယ်၊ အရမ်းနောက်ကျမှ ရှာတွေ့မှာကိုတောင် သူ စိုးရိမ်နေမိပြီ...

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now