အခန်း ၇၊ လို့ရှီးယန်(အပိုင်း ၂)
ရွာအဝင်ဝက ညောင်ပင်ကြီးအောက်မှာ ရာနဲ့ချီတဲ့ ရွာသူရွာသားတွေ ရှေ့မှာ ရပ်နေတဲ့ သန်မာတဲ့ အမျိုးသား နှစ်ယောက် ရှိနေသည်။ တစ်ယောက်ကတော့ ညိုမည်းတဲ့ အသားအရည်နဲ့ လရောင်အောက်မှာ နှစ်မြုပ်လုနီးပါး နှင်းခဲတွေနဲ့ ဖုံးလွှမ်းနေတဲ့ မျက်နှာရှိသည်။ အခြားတစ်ယောက်က နှင်းလိုဖြူဖွေးတဲ့ အသားအရည်ရှိသည်။ အပြာရောင်မျက်လုံးတစ်စုံက ပင်လယ်နက်နဲ့တူပြီး လူတွေကို ဆွဲဆောင်နိုင်သော မှော်အစွမ်းရှိနေပုံရသည်။ ဒါပေမယ့် စူးရှတဲ့အကြည့်တွေနဲ့ လွှမ်းခြုံထားတဲ့ အရှိန်အဝါကတော့ အတူတူပါပဲ။ ည၏မှန်ဖျော့ဖျော့ အလင်းရောက်အောက်တွင် လူဖြူလူမည်း တစ်စုံ ဘေးချင်းကပ်ရပ်နေပုံက မျက်လုံးမလွှဲနိုင်လောက်အောင် ဖမ်းစားနေသည်။
သူတို့အနားမှာ အတက်တန်းလွှာအဝတ်အစားများကို ၀တ်ဆင်ထားတဲ့ အမျိုးသားတစ်ယောက်က ညောင်ပင်ကိုမှီကာ ငြီးငွေ့စွာ မတ်တတ်ရပ်နေသည်။ သူက ချောမောပုံရပြီး သူ့ရဲ့ လှုပ်ရှားမှုတွေက ပေါ့ပေါ့ပါးပါးနဲ့ အတားအဆီးကင်းမဲ့နေကာ ခပ်မိုက်မိုက် စိတ်ထားရှိပုံပေါ်သည်။
သစ်ပင်အောက်မှာ ရပ်နေတဲ့ အရပ်ရှည်ရှည် လူတစ်ယောက်ကို မြင်လိုက်ရတဲ့ အချိန်မှာ ကျွော့ချင်းရဲ့မျက်လုံးတွေက အဝေးကို မလွှဲနိုင်တော့ဘူး။
လရောင်အောက်မှ ထိုအမျိုးသားက ဇီးပန်းပွင့်ရောင်ဝတ်ရုံရှည်ပေါ်တွင် ရိုးရိုးရွှေချည်ကြိုးအနည်းငယ်ဖြင့် ပါသော ခါးစည်းကို ၀တ်ဆင်ထားသည်။ သူ၏ဆံပင်များကို သရဖူမ၀တ်ထားဘဲ ကျောက်စိမ်းဆံထိုးဖြင့်သာ ချည်နှောင်ထားသော်လည်း သူ့၏ တင့်တယ်မှုနှင့် မြင့်မြတ်မှုကို မထိခိုက်စေခဲ့ပေ။ . ရှည်လျား ကျဉ်းမြောင်းသော မျက်လုံးများက အနည်းငယ် ကျယ်လာပြီး ပါးစပ်ထောင့်တွင် နွေးထွေးသော အပြုံးဖြင့် သူ၏ လှုပ်ရှားမှုတိုင်းက ပြေပြစ်ကောင်းမွန်နေသည်။ စက္ခုပသာဒ ဟူသော စကားလုံးများဖြင့် ဖော်ပြနိုင်သော နှိမ်ချတက်သော အမျိုးကောင်းသား ဖြစ်ပုံပေါ်သည်။ သို့သော် ကျွော့ချင်းက ထူးဆန်းသောအရာတစ်ခုကို ခံစားလိုက်ရသည်။ အထူးသဖြင့် အရိပ်အမြွက်မျှသာမြင်ရုံဖြင့် အရာခပ်သိမ်းကို မြင်နိုင်သလို နက်နဲပြီး တိတ်ဆိတ်နေသော သူ့မျက်လုံးတွေ....
YOU ARE READING
နာကြည်းမှုတွေ လွင့်ပျယ်စေ...
Historical Fiction"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)"