CH- 95

1.1K 116 0
                                    

အခန်း ၉၅ မြင့်မြတ်သော ဧည့်သည်တော် ရောက်ရှိလာခြင်း

 ရထားလုံးက ဝန်ကြီးချုပ်အိမ်တော်ရှေ့တွင် ရပ်သွားပြီး ကျွော့ချင်းက ကန့်လန့်ကာကို ဖွင့်လိုက်ရာ တံခါးဝတွင် အလွန်ကြီးမားသောသေတ္တာကြီးများကို တွေ့လိုက်ရသည်။ အစေခံများက ထိုသေတ္တာများကို အတွင်းဘက်သို့ ရွေ့ရန် ပြင်ဆင်နေကြသည်။ သူမ အိမ်တော်ထဲသို့ လှမ်းကြည့်လိုက်ချိန်တွင် အိမ်တော်က လူများဖြင့် ပိုလို့ပင် အသက်ဝင်နေလေသည်။ တစ်ချို့က သေတ္တာတွေ ရွှေ့နေကြပြီး တချို့က ပရိဘောဂများကို ရွှေ့နေကြသည်။ တချို့က ဘာလုပ်နေမှန်းမသိဘဲ ပန်းပင်တွေကိုတောင် အလျင်စလို သယ်နေကြသေးသည်။

  "မင်းတို့နှစ်ယောက်၊ မြန်မြန်ရွှေ့၊ ညင်ညင်သာသာလုပ်၊ မကွဲစေနဲ့"

  "အဲ့ဒီပန်းတွေကို စွေ့ရှင်းခြံဝင်းကိုရွှေ့၊ မြန်မြန်ရွှေ့၊ မြန်မြန်!"

  မလှမ်းမကမ်းတွင် ရွှယ်ရှန်းရှင်းက ညွှန်ကြားချက်မျိုးစုံကို အော်ဟစ်နေပြီး ဝန်ကြီးချုပ်အိမ်တော်၏ရှေ့ ခြံဝင်းတစ်ခုလုံးက ဆူညံနေသည်။

  ကျွော့ချင်း ဝင်လာတာကို မြင်လိုက်တော့ ရွှယ်ရှန်းရှင်းက ပြုံးပြလာပြီး "လင်အာ မင်း ပြန်လာပြီ"

  ရှီးယန်က ဒီအမျိုးသမီးကိုလက်ထပ်ဖို့ ဆုံးဖြတ်ထားတာကြောင့် လက်ခံဖို့ကလွဲပြီး သူမမှာ ရွေးချယ်စရာ မရှိတော့ပါဘူး။

  ကျွော့ချင်းက မျက်မှောင်ကြုတ်ပြီး "ဘာတွေဖြစ်နေတာလဲ?"

  ရွှယ်ရှန်းရှင်းက ဝမ်းသာအားရ ပြုံးပြနေပြီး "ဝန်ကြီးချုပ်အိမ်တော်ကြီးကို ကြွရောက်လာတဲ့ မြင့်မြတ်တဲ့ဧည့်သည်တော်တွေ ရှိတယ်!"

  ဧည့်သည်တော်တွေလား???! ဝန်ကြီးချုပ်အိမ်တော်တွင် ဧည့်သည်တော် အဖြစ် တည်းခိုနိုင်သူများမှာ တော်ဝင်မိသားစုမှ ဖြစ်နိုင်သည်။ ကျွော့ချင်းက သူမ၏မျက်ခုံးကို အနည်းငယ် ပင့်လိုက်ပြီး "နောက်ထပ် မင်းသမီးလေးလား?"

  ရွှယ်ရှန်းရှင်းက အံ့အားသင့်သွားပြီး သူမကို ကြောင်တောင်တောင် ငေးကြည့်လာသည်။ နောက်ထပ်မင်းသမီးလေးက ဘယ်လို ရောက်လာနိုင်မှာလဲ? နောက်ဆုံးအချိန်က ချောင်ယွမ်မင်းသမီးကြောင့် ရှီးယန်နဲ့ မယ်တော်မိဖုရားကြီး နှစ်ယောက်လုံး ဘယ်လောက်တောင် စိတ်မချမ်းမသာ ဖြစ်ခဲ့ကြရလဲ။ နောက်တစ်ခေါက်ဘယ်လာတော့မှာလဲ?? ချုံယွဲ့မှာက မင်းသမီးအများကြီး မရှိဘူးဆိုတော့ နောက်တစ်ယောက်လည်း မလာနိုင်ပါဘူး။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now