CH- 90

1.2K 107 1
                                    

အခန်း ၉၀ ရွေးချယ်ရတဲ့ ခံစားချက်

  သူမ လို့ရှီးဝူ၏ခြံဝင်းထဲမှ ပြန်ထွက်လာချိန်က မွန်းတည့်ချိန်နီးနေပြီဖြစ်တာကြောင့် ကျွော့ချင်းက ​​နေ့လည်စာစားပြီးမှ ရှန်ယုလန်ကို သွားရှာရန် ဆုံးဖြတ်လိုက်သည်။ သူမ ပန်းခန်းမဆောင်ကို မရောက်ခင် ခြံဝင်းထဲမှ လမ်းပေါ်တွင် အပြာရောင်ဝတ်စုံကို ၀တ်ဆင်ထားသော လို့ရှီးယန်နှင့် တွေ့ဆုံခဲ့သည်။ ကျွော့ချင်းက နည်းနည်း အံ့သြသွားပြီး "ရှီးယန်၊ ရှင်က နေ့ခင်းဘက် ပြန်လာခဲတယ်။ တစ်ခုခု မှားနေလို့လား?"

  လို့ရှီးယန်က သူမကို ကြည့်ကာ နူးညံ့စွာပြုံးလိုက်ပြီး "ကိုယ် တစ်ခုခု လုပ်စရာရှိလို့ပါ"

  လွန်ခဲ့သည့် ရက်အနည်းငယ်က သူမက ရေထဲသို့ ကျသွားခဲ့ပြီး အနားယူနေချိန်တွင် လို့ရှီးယန်က သူမနှင့် အချိန်အတော်ကြာ အတူရှိနေခဲ့ပြီး သူ၏အလုပ်ပေါင်းများစွာကို နှောင့်နှေးစေခဲ့မှန်း ကျွော့ချင်းက နားလည်နေခဲ့သည်။ ကျွော့ချင်းက ခေါင်းညိတ်ပြကာ ပြုံးပြုံးရွှင်ရွှင်နဲ့ "ရှင် လုပ်စရာ ရှိတာလုပ်လေ၊ ကျွန်မ ရှင့်ကို မနှောင့်ယှက်တော့ဘူး"

ကျွော့ချင်းက လို့ရှီးယန်အနီးသို့ လျှောက်လာပြီး ဘေးသို့တိမ်းရှောင်ကာ ရှေ့ကို ဆက်လျှောက်ရန် ‌ရွေ့လျားလိုက်သည်။ သူတို့နှစ်ဦး တစ်ယောက်ကို တစ်ယောက် ဖြတ်ကျော်သွားခါနီးတွင် အနည်းငယ် အေးစက်နေသော သွယ်လျလျ လက်တစ်ဖက်က ရုတ်တရက် သူမ၏လက်ဖဝါးများကို ဆုပ်ကိုင်လိုက်သည်။ ကျွော့ချင်းက အံ့အားသင့်သွားပြီး သူမဘေးနားရှိ လို့ရှီးယန်က ဘာမှမဖြစ်သလို ရယ်မောနေကာ "မင်းက အပြင်ထွက်မှာလား?"

  "အင်း" ကျွော့ချင်းက တွေဝေစွာနဲ့ ခေါင်းညိတ်ပြလိုက်သည်။

  "အရမ်း အရေးကြီးလား?"

  ကျွော့ချင်းက သူမခေါင်းကို ခါယမ်းလိုက်ပြီး "အရမ်းတော့ အရေးမကြီးပါဘူး။ တကယ်တော့ ကျွန်မက မနေ့ညက အလောင်းစစ်ဆေးထားတဲ့ ရလဒ်တွေအကြောင်း ပြောဖို့ ရှန်လူကြီးမင်းနဲ့ နေ့ခင်းပိုင်းမှာ တွေ့ဖို့ ချိန်းဆိုထားခဲ့တာ။ နောက်မှ အပြင်ထွက်လည်းရတယ်"

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now