CH- 35

1.7K 186 5
                                    

  အခန်း ၃၅ တကယ်ကို ကျွမ်းကျင်သူပဲ

  လို့ရှီးယန်က သူမဆီသို့ တည့်တည့် လျှောက်သွားသည်။ ကျွော့ချင်းက မတ်တပ်ထရပ်ပြီး "ဘာလို့ ဒီကို ရောက်လာတာလဲ"

သူ့ခန္ဓာကိုယ်က အပြင်းအထန် လှုပ်ရှားဖို့ မသင့်တော်သလို အခု ရာသီဥတုက အရမ်းဆိုးနေတာလေ။

  လို့ရှီးယန်က သူမကို ပြန်မဖြေဘူး။ သူမရဲ့ ခြေတံရှည်တွေကို ဒီလိုမြင်လိုက်ရတော့ လို့ရှီးယန်ရဲ့ မျက်လုံးတွေက မဲမှောင်သွားသည်။ ကျွော့ချင်းက သူမခန္ဓာကိုယ်မှာ နွေးထွေးမှုကို ခံစားလိုက်ရပြီး လို့ရှီးယန်ရဲ့ ဝတ်ရုံရှည်ကြီးက သူမကို တင်းတင်းကြပ်ကြပ် ပတ်ထားပြီးသားဖြစ်နေသည်။ သူက သူမမေးစေ့ကို ညင်သာစွာ မော့လိုက်ပြီး သူ၏ အေးမြသော လက်ချောင်းထိပ်များက သူမ၏လည်ပင်းရှိ ဒဏ်ရာများကို ညင်သာစွာ ပွတ်သပ်နေသည်ကို ခံစားနေရသည်။ ကျွော့ချင်းက ရှက်ရွံ့စွာဖြင့် လည်ပင်းကို ကိုင်ကာ "ကျွန်မ အဆင်ပြေပါတယ်၊ သူတို့ဒဏ်ရာတွေက ကျွန်မထက် ပိုဆိုးတယ်"ဟု တုန်လှုပ်ခြောက်ခြားစွာ ပြန်ဖြေလိုက်သည်။

လို့ရှီးယန်၏ အပြုံးမဲ့သော အကြည့်ကို သူမ အသားမကျနိုင်သေးဘဲ သူမနှလုံးသားက တုန်လှုပ်ချောက်ချားနေသည်။ ချီထျန်းယုလည်း ဂူထဲသို့ ဝင်လာကာ ဂူအတွင်းမှ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး တုန်လှုပ်ခြောက်ခြားစွာနဲ့ "ရှုအာ မင်းက ဘာလို့ ဒီကို ရောက်နေတာလဲ"

သူမရဲ့ ကိုယ်လုံးတီးနိးပါး ပုံသဏ္ဍာန်ကို မြင်လိုက်တော့ ချီထျန်းယုရဲ့ မျက်နှာက ညိုမဲလာပြီး သူ့အဝတ်အစားတွေကို ချက်ချင်း ချွတ်လိုက်ကာ ဝတ်ရုံရှည်ကို ရူ့အာကိုယ်ပေါ်သို့ တင်ပေးလိုက်သည်။

  "သခင်လေး!" ကြောက်ရွံ့မှုနှင့် အကြပ်အတည်းများကို ရက်အတော်ကြာ သည်းခံပြီးနောက်၊ ရှုအာက ချီထျန်းယုကို မြင်သောအခါ နောက်ဆုံးတွင် သူမ၏ခံစားချက်များကို ဖုံးကွယ်မထားတော့ပေ။

  ချီထျန်းယုက သူမ၏ပခုံးကို ကိုင်ထားပြီး သူမကို ကူညီပေးချင်နေသည်။ သူ ဆွဲထူလိုက်သည်နှင့် ရှုအာက ချက်ချင်းပင် နာကျင်စွာ တုန်ခါလာမည်ကို သူ ဘယ်လို ကြိုသိနိုင်မှာလဲ? ကျွော့ချင်းက စိုးရိမ်တကြီးနဲ့ "သတိထားပါ၊ သူ့(မ)ခြေထောက်က ကျိုးသွားပြီ၊ မလှုပ်တာ အကောင်းဆုံးပဲ"

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now