CH- 98

1K 106 1
                                    

အခန်း ၉၈ ထူးဆန်းသော စုမူဖုန်း

  စုအိမ်တော်တွင်...

  စုမိသားစုက ချုံယွဲ့မြို့တော်၏အပြင်ဘက်မှ အချမ်းသာဆုံးမြို့ဖြစ်သည့် ရှင်းဖုန်းမြို့တွင် အခြေချနေထိုင်ကြသည်။ ဤအိမ်က မြို့တော်အတွင်း စုမိသားစုမှ တည်ဆောက်ထားသော အိမ်တော်ခွဲတစ်ခုသာဖြစ်ပြီး စုမိသားစုက ဂီတပညာရှင်မိသားစုဖြစ်ရန် ထိုက်တန်ပါသည်။ ဤအိမ်က အိမ်တော်ခွဲများထဲမှ တစ်ခုသာ ဖြစ်သော်လည်း သေသပ်စွာ အလှဆင်ထားပြီး နေရာတိုင်းတွင် ပြေပြစ်ပြီး အေးချမ်းသော လေထုရှိနေအောင် ဖန်းတီးထားသည်။

  ကျွော့ချင်းနှင့် သူမ၏အဖော်များကို ခန်းမထဲသို့ ကြိုဆိုဖိတ်ခေါ်ခဲ့ကြပြီး သစ်တော်သီးပင်များမှ ပန်းများ၏ ရနံ့များက သင်းပျံ့နေကာ လူများကို လန်းဆန်းစေခဲ့သည်။ နံရံများတွင် မှင်ပန်းချီများစွာ ချိတ်ဆွဲထားသော်လည်း ထိုပန်းချီကားများက ရှုမျှော်ခင်းများနှင့် ရုပ်ပုံများ မဟုတ်ကြဘဲ နေရာအနှံအပြားမှ အကျော်ကြားဆုံး ဂီတတူရိယာများ၏ပန်းချီများ ဖြစ်နေခဲ့သည်။ ကျယ်ဝန်းသော ခန်းမအတွင်း၌ အခြားသော ရှုပ်ထွေးစေသည့် အရာများ မရှိဘဲ ခန်းမတစ်ခုလုံးက လူများကို သီးသန့်ဆန်သော တင့်တယ်သော ခံစားမှုများကို ပေးနေသည်။

  ခါတိုင်းလိုပါပဲ၊ ကုယွင်ကတော့ ခန်းမပတ်လည်ကို လှည့်ပတ်ကြည့်ရှုနေပြီး ပုံမှန်အတိုင်း လျှောက်သွားနေခဲ့သည်။ ဒီလို ချမ်းသာတဲ့မိသားစုက သူမတို့ကို အချိန်အကြာကြီး စောင့်ခိုင်းလိမ့်မယ်လို့ သူမ ထင်ခဲ့ပေမယ့် ကြည်လင်ပြတ်သားတဲ့ အသံတိုးတိုးလေးက သူမတို့ဆီကို ချက်ချင်း ရောက်လာမယ်လို့တော့ သူမ မမျှော်လင့်ထားပါဘူး။ နွေဦးတွင် စိမ့်စမ်းရေများစီးကျနေသလို တိုးညင်းသောအသံတစ်ခု ထွက်ပေါ်လာသည်။ "ချင်းသခင်မလေး"

  ကုယွင်က နောက်ပြန်လှည့်ကြည့်လိုက်ချိန်တွင် သူမ၏စူးရှသောမျက်လုံးများက သူမတောင် မထိန်းနိုင်ဘဲ အနည်းငယ် မှေးကျဥ်းသွားသည်။ အဖြူရောင်ဝတ်စုံကို ဝတ်ထားသော လူတစ်ယောက်က မှုတ်ထုတ်တဲ့လေပြေလေးလို ပေါ့ပေါ့ပါးပါး လမ်းလျှောက်လာနေပြီး သူရဲ့ မျက်နှာက ချောမောမှု၊ တည်ငြိမ်တဲ့အမူအရာနဲ့ တည်ငြိမ်ပြီး နက်နဲတဲ့ မျက်လုံးတစ်စုံက သူ့ကို ထင်ပေါ်နေစေသည်။ သူက လူတိုင်းရဲ့အာရုံကို အလွယ်တကူ ဖမ်းစားနိုင်ခဲ့ပြီး ကုယွင်က ကျွော့ချင်းက ဘာကြောင့် သူ့ကို "ဘာမှမထူးခြားဘဲ အေးအေးဆေးဆေး"လို့ သုံးခဲ့တာကို သူမ နားလည်သွားခဲ့သည်။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now