CH- 22

1.8K 192 7
                                    

အခန်း ၂၂- ထူးဆန်းသောရောဂါ (အပိုင်း ၁)

  ဘာလဲ?" ရွှယ်ရှန်းရှင်း အံ့အားသင့်သွားပြီး ကျွော့ချင်းကို ဘေးတိုက်ကြည့်ကာ သူမကို လုံးဝအလေးအနက်မထားဘဲ "ဒီအရူးလို မိန်းမက ဝန်ကြီးချုပ်အိမ်တော်မှာ အရိုင်းအစိုင်းလို လျောက်ပြေးနေဖို့ ဘယ်ကနေ သတ္တိတွေရလာတာလဲ၊ သူ(မ)ကို မောင်းထုတ်လိုက်" "နင် ထွက်သွားစမ်း"

  "ရပ်လိုက်" လို့ရှီးဝူက ကျွော့ချင်းကို လက်ညှိုးထိုးပြပြီး အော်ဟစ်ပြောဆိုလိုက်သည်။ "သူ(မ)က ငါ့အစ်ကိုရဲ့ မိန်းမပဲ၊ သူ(မ)ကို ဘယ်သူက မောင်းထုတ်ရဲတာလဲ!"

သူမက ဒီရုပ်ဆိုးတဲ့ မိန်းမကိုလည်း မုန်းတီးပေမယ့် ရွှယ်ရှန်းရှင်းနဲ့ ယှဉ်ရင်တော့ ရွှယ်ရှန်းရှင်းကို ပိုလို့တောင် မုန်းတီးခဲ့သည်။ အဲ့တော့ ဒီနေ့ သူမနဲ့အတူ တိုက်ပွဲဝင်ရမှာပေါ့။

  အစေခံများက တစ်ယောက်ကို တစ်ယောက်ကြည့်နေကာ ကျွော့ချင်း၏ခေါင်းတစ်ခုလုံးတွင်လည်း အနက်ရောင်လိုင်းများ ပေါ်လာသည်။ သူမကို တစ်စုံတစ်ယောက်၏မိန်းမဟု ခေါ်ဆိုခံရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ဤခေါင်းစဉ်က အမှန်တကယ်ကို...

သို့သော် ဤအမျိုးသမီး၏ စိတ်ဓာတ်ကို ပျော့ပျောင်းသွားစေရန်အတွက် သူမလည်း ခွင့်ပြုလိုက်သည်။ သူမက သူမဆန္ဒအတိုင်း အဆောက်အဦးငယ်လေးထဲကို ၀င်ရန်ပြင်နေကာ ပေါ့ပေါ့ပါးပါး ချောင်းဟန့်လိုက်ပြီး "ငါ့နာမည်က... ချင်းဖုန့်ပါ။ ဧကရာဇ်က လို့ရှီးယန်ကို ချီးမြှင့်တယ်လို့ ပြောကြတယ်။ ပင်မဇနီးကြီး မရှိရင် ကိုယ်လုပ်တော်က သခင်မပဲ၊ ဒါကြောင့် ဒီကအမျိုးသမီး၊ ဝန်ကြီးချုပ်အိမ်တော်ရဲ့ သခင်မက အခု ပြောင်းလဲသွားပြီ"

  သူမက ဧကရာဇ်ချီးမြှင့်တဲ့ အလှလေးလား?! ရွှယ်ရှန်းရှင်းက ခပ်ရွဲ့ရွဲ့ ရယ်လိုက်ပြီး "အဲဒါ အဓိပ္ပာယ် မရှိဘူး၊ ရုပ်ဆိုးတဲ့ မိန်းမ၊ မင်းက ဧကရာဇ်က ရှီးယန်ကို အပ်နှင်းထားတဲ့ အလှလေးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး"

ကျွော့ချင်းက မျက်မှောင်ကြုတ်လိုက်ပြီး ထိတ်လန့်ဟန်ဆောင်ကာ "ရှင်က ချုံယွဲ့ဧကရာဇ်ရဲ့အမြင်ကို သံသယဝင်နေတာလား?"

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now