CH- 99

986 109 3
                                    

အခန်း ၉၉ ကုယွင်ရဲ့ညတိုက်ပွဲ

  လရောင် မတောက်ပသော ညအချိန်တွင်....

  အထပ်နှစ်ထပ်ပါသော အဆောင်ငယ်လေး၏ပြတင်းပေါက်များက တစ်ဝက်ပွင့်နေပြီး လူရိပ်များ ရှိနေကာ တချို့က ထိုင်နေကြပြီး တချို့က မတ်တပ်ရပ်နေကြသည်။ စိတ်မရှည်တဲ့လူ၊ ဘာကိုမှဂရုမစိုက်ဘဲ တိတ်ဆိတ်နေတဲ့သူ၊ အရာရာကိုလျစ်လျူရှုထားတဲ့သူ၊ စိတ်အားထက်သန်နေတဲ့သူစသည့်ဖြင့် သူတို့အားလုံးမှာ ပုံစံအမျိုးမျိုးရှိကြပေမယ့် သူတို့အားလုံးရဲ့မျက်လုံးတွေက သူတို့ဘေးနားရှိ လူတစ်ဦးတည်းနေထိုင်ပုံရသော သီးသန့်အိမ်တစ်လုံးရှိရာ တစ်နေရာတည်းကို စူးစိုက်ကျရောက်နေကြသည်။

  "ချုံရှီ(မနက်၁-၃နာရီ) ဖြစ်နေပြီ၊ ဘာမှ လှုပ်ရှားမှု မရှိသေးဘူး၊ မင်းတို့ ခန့်မှန်းတာက အတိအကျ မှန်နိုင်ပါ့မလား!" ချမ်ကျင်းက ပြတင်းပေါက်က ဘောင်ကို မှီကာ သမ်းဝေနေရင်း မေးလိုက်သည်။

  ကျွော့ချင်းက သူ့ကို စိုက်ကြည့်နေရင်း "ပါးစပ်ပိတ်ထား!"

တစ်ညလုံး စောင့်ဆိုင်းပြီးနောက် ရလဒ်မထွက်လာသေးတာကြောင့် သူမ စိတ်ဓာတ်ကျလာချိန်တွင် သူက အဓိပ္ပါယ်မဲ့ လျောက်ပြောနေသေးသည်။

  သူမ၏စိတ်အနှောက်အယှက်ဖြစ်နေသော အကြည့်များကို မြင်လိုက်ရတာကြောင့် လို့ရှီးယန်က သူမ၏လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး သူမ ဘေးရှိ ခုံတန်းလျားလေးပေါ် ဝင်ထိုင်လိုက်ကာ အသံတိုးတိုးနဲ့ "ပင်ပန်းနေပြီလား"

  ကျွော့ချင်းက ခေါင်းယမ်းလိုက်ပြီး သက်ပြင်းတိုလေးတစ်ခု တစ်ခုကို ခပ်ဖြေးဖြေး မှုတ်ထုတ်လိုက်သည်။ "ကျွန်မ မပင်ပန်းပါဘူး၊ ဒါပေမယ့် ရှင်က မနက်ဖြန် ညီလာခံကို သွားရမှာဆိုတော့ ဒီမှာနေနေရတာ အဆင်ပြေရဲ့လား၊ မော့ဘိုင်က ကျွန်မနဲ့ အတူရှိနေရင် ကျွန်မ အဆင်ပြေပါတယ်" သူမက ကုယွင် မဟုတ်ပေမယ့် တစ်ရက် နှစ်ရက်အိပ်ရေးပျက်တာလောက်ကို သူမ ခံနိုင်ရည် ရှိသည်။ ဒီညမှာ ဘာအမှားမှလည်း ရှိလာနိုင်မှာ မဟုတ်ပါဘူး၊ ဒါပေမယ့် ရှီးယန်က သူမနဲ့ အတူရှိနေဖို့ သူ့ကိုယ်သူ တွန်းအားပေးလိမ့်မယ်လို့တော့ သူမ မမျှော်လင့်ထားခဲ့ပါဘူး။ ဒီရက်တွေမှာ သူ နေမကောင်းမဖြစ်ခဲ့ပေမယ့် သူ့ကျန်းမာရေးက အမြဲတမ်း အရမ်းကောင်းမွန်နေတာတော့ မဟုတ်ပါဘူး။ သူမက အဆင်ပြေ​နေ​ပေမယ့်​ သူ့အတွက်တော့ပဲ စိုးရိမ်​​နေမိသည်​။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now