CH- 30

1.9K 181 6
                                    

အခန်း ၃၀ မိန်းမငယ်လေးရဲ့နာကျင်မှု

  "သွားတော့... ငါ မစားချင်ဘူး!"

  အော်ဟစ်သံများနှင့်အတူ ပန်းကန်များ လျှောကျလာခဲ့သည်။

  အစားအစာပို့ပေးရတဲ့ အစေခံမလေးက ဘာလုပ်ရမှန်းမသိဘဲ တုန်တုန်ယင်ယင်နဲ့ ဘေးနားမှာ ရပ်နေသည်။ ကျွော့ချင်းက သူမလက်ကို ဝှေ့ယမ်းပြကာ သူမကို ထွက်သွားခိုင်းလိုက်သည်။ ကျွော့ချင်းက အခန်းရဲ့ကြမ်းပြင်နေရာအနှံ့မှာ အစားအသောက်တွေ ပြန်ကျဲနေတာကို တစ်ချက်ကြည့်လိုက်ပြီး သူမလက်ကို ပိုက်လိုက်ကာ အေးစက်စွာ ပြောလိုက်သည်။ "မင်းရဲ့အစ်ကိုကျင်းက မင်းကို သနားပြီး သူကိုယ်သူ အပြစ်ရှိသလို ခံစားရစေချင်ရင် မင်းပိုကြိုးစားရမယ်။ အစာမစားတာနဲ့ ရေမသောက်တာက အကောင်းဆုံးပါပဲ။ ငါးရက် ခြောက်ရက်လောက် ဆက်နေရင် သေလုမျောပါး ဖြစ်သွားလိမ့်မယ်"

  လို့ရှီးဝူက အရာဝတ္ထုတွေကို ထုခွဲလိုက်ပြီး လေကို ပြင်းပြင်းရူကာ "နင်က ငါ့အစ်ကိုရဲ့မိန်းမဘဲ ငါ မရှိရင်တောင် သူက နင့်ကို ကြိုက်မှာ မဟုတ်ဘူး!"

  ဟုတ်တယ်၊ တစ်နေကုန် အစားမစားဘဲနေတာတောင် ကျိန်ဆဲဖို့ ခွန်အားတွေ ရှိနေတုန်းပဲ။

  ကျွော့ချင်းက မြေပြင်ပေါ်ရှိ အပျက်အစီးများကို ကျော်ခွကာ သူမဘေးရှိ ကုလားထိုင်ပေါ်တွင် ဝင်ထိုင်လိုက်ပြီး "မင်းမျက်လုံးထဲက ရတနာတွေက တခြားသူတွေရဲ့အမြင်မှာ ကြမ်းတမ်းတဲ့ မြက်ခင်းတစ်ခုသာသာပဲ၊ မင်းက လို့မိသားစုရဲ့သမီးလေ၊ သူက မင်းကို ငြင်းဝံ့တယ်ပေါ့၊ သူက မင်းကို အရှက်ရစေတယ်၊ ​​မင်း သူ့ကို သေအောင်ရိုက်နိုင်တယ်၊ မင်းက သခင်ပဲ၊ သူက ကျွန်ပဲ၊ မင်းလုပ်ချင်တာမှန်သမျှ လုပ်နိုင်တယ်၊ မင်း အရှုံးပေးပြီး ဒေါသထွက်နေတာက အသုံးမဝင်ဘူး!"

  "တော်ပြီ၊ ဒါက လုံလောက်ပြီ!!" လို့ရှီးဝူက ဒေါသူပုန်ထကာ ဆက်လက်အော်ဟစ်နေပြီး "ဘယ်လို သခင်နဲ့ အစေခံမျိုးလဲ၊ ငါက သူ့ကို ကျွန်လို့ တစ်ခါမှ မတွေးဖူးဘူး!! သူက ငါ့ကို ရှောင်ဖို့ ဒီအကြောင်းပြချက်ကို သုံးခဲ့တာ!"

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now