CH-55

1.6K 170 6
                                    

  အခန်း ၅၅- စိုးရိမ်မှု

  နောက်ဆုံးတွင် ရထားလုံးက နန်းတော်မှ ပြန်လည်ထွက်ခွာလာပြီး ဝန်ကြီးချုပ်အိမ်တော်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်မောင်းသွားခဲ့သည်။ အရှိန်က အနည်းငယ် မြန်ဆန်ပြီး ကြမ်းတမ်းလွန်းနေသည်။

  ရထားလုံးထဲတွင် ကျွော့ချင်းက ရထားလုံးပေါ်သို့ တက်လာကတည်းက တခုခုကို တွေးတောနေသော လို့ရှီးယန်ကို ကြည့်ရင်း အနည်းငယ် အပြစ်ရှိသလို ခံစားနေရသည်။ သူမအတွက် မဟုတ်ပါက၊ သူက ယန်းဟုန်ထျန်းကို စော်ကားနေစရာ မလိုအပ်ဘူးလေ။ ဘာပဲဖြစ်ဖြစ် အမှန်ပြောရရင် အဲ့တာက ဧကရာဇ်လေ...

  ကျွော့ချင်းက သက်ပြင်းချလိုက်ပြီး "ရှင် တခုခုမေးချင်ရင် မေးလို့ရတယ်"

  လို့ရှီးယန်က သတိပြန်ဝင်လာပြီး သူမကို ကြည့်ကာ ရယ်မောလိုက်သည်။ "မင်းရဲ့ မှတ်ဥာဏ်တွေ ပျောက်ဆုံးသွားတာ‌တောင် ကိုယ့်ရဲ့မေးခွန်းတွေကို ဖြေနိုင်သေးတယ်ပေါ့"

  "ကျွန်မ...မသိတော့ဘူး"

သူမ မရှင်းပြနိုင်တဲ့ အရာတွေ များလွန်းတယ်။

လို့ရှီးယန်က မေးခွန်းတွေ ထပ်မေးစရာ မလိုတော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့ ပုခုံးတွန့်ကို တွန့်ပြပြီး ခေါင်းကို ပြန်လှည့်သွားခဲ့သည်။ ကျွော့ချင်းက ခေါင်းငုံထားရင်း ထပ်မေးလိုက်ပြန်သည်။ "လို့ရှီးယန်၊ ကျွန်မ ရှင့်ကို မေးစရာရှိတယ်"

  လို့ရှီးယန်က သူမ မေးခွန်းမေးလာမှာကို စောင့်ဆိုင်းနေပုံနဲ့ သူမကို ငြိမ်သက်စွာ စိုက်ကြည့်နေသည်။

  "ချင်းဖုန့်က ထောင်ထဲမှာ ဘယ်လောက်ကြာကြာ နေရမှာလဲ၊ ယန်းဟုန်ထျန်းအပေါ် ရှင့်ရဲ့ နားလည်မှုအရ၊ သူ ဘာလုပ်မှာလဲ?" ချင်းဖုန့်ရဲ့ အပြုံးက သူမကို စိတ်မသက်မသာဖြစ်နေစေသည်။ တစ်ခုခုဖြစ်ခဲ့ရင် သူမလည်း သက်သာရာရမည် မဟုတ်ပေ။

  "ချုံယွဲ့ကနေ ယောင်ယွဲ့ကို အသွားအပြန်လုပ်ဖို့က အနည်းဆုံး လဝတ်လောက် အချိန်ယူရလိမ့်မယ်၊ အခြေအနေအရပ်ရပ်ကို စစ်ဆေးပြီး အပြစ်မရှိရင် လဝတ်အတွင်း လွှတ်ပေးနိုင်တယ်၊ ဘယ်လို ပြစ်ဒဏ်ပေးမလဲတော့ မသိဘူး"

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now