CH- 92

1K 117 3
                                    

အခန်း ၉၂ ကုယွင်ပြန်ရောက်ပြီ

  ညအချိန်...

  ကျိုက်ရှင်းအဆောင်...

  နွေလယ်ညက အနည်းငယ် ပူလောင်နေပြီး အိုက်စပ်စပ်ဖြစ်နေပေမယ့် ညလေညင်းတစ်သုတ်က ခပ်ဖျော့ဖျော့ တိုက်ခတ်သွားတာကြောင့် ခံစားမှုနှစ်မျိုးပေါင်းစပ်နေတဲ့ အခြေအနေကို ဖြစ်ပေါ်လာစေသည်။ ကျွော့ချင်းက ပြတင်းပေါက်ရှေ့တွင် သူမ၏ကိုယ်တစ်ဝက်ကိုမှီထားရင်း ကောင်းကင်ပေါ်တွင် တောက်ပနေသော ကြယ်များကို ငေးမောရင်း တိုးတိုးလေး မြည်တမ်းလိုက်သည်။

"နောက်ဆုံးတော့ ဘာလို့ ဒီနေရာကို ကျိုက်ရှင်းအဆောင်လို့ ခေါ်တယ်ဆိုတာကို ငါ သိလိုက်ပြီ" (ကျိုက်- ကောက်ယူ/ဆွတ်ခူး၊ ရှင်း- ကြယ်)

  ဒီကနေ ကြယ်တွေကို ကြည့်လိုက်ရင် လက်တစ်ဖက်တည်းနဲ့ ခူးဆွတ်လို့ရနေသလို ပိုတောက်ပကြည်လင်နေပြီး လပြည့်ညရဲ့အလှကို အရမ်းတောက်ပနေတဲ့ ကြယ်တွေက လွှမ်းမိုးထားကာ ​​လပြည့်ဝန်းရဲ့အတောက်ပဆုံးဆိုတဲ့ဂုဏ်ကို ခိုးယူနေခဲ့သည်။ ဒီလို လှပတဲ့ ညကောင်းကင်ကြီးမျိုးကို သူမ မတွေ့ရတာ ကြာခဲ့ပြီပင်။ တဖျပ်ဖျပ်တောက်ပနေပြီး နူးညံကြည်လင်နေတဲ့ အလင်းတန်းတွေကြောင့် ကျွော့ချင်းက သက်ပြင်းမချဘဲ မနေနိုင်တော့ဘဲ "ပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိတဲ့ ညကောင်းကင်က တကယ့်ကို ထူးခြားဆန်းပြားနေတော့တာပဲ"

  သူမ၏နောက်မှ သွယ်လျသော အဖြူရောင်လက်တစ်စုံက သူမ၏ခါးကို ရစ်သိုင်းလာခဲ့ပြီး ထိုလက်များထဲတွင်ကိုင်‌ထားသော စာရွက်တစ်ရွက်က သူမမျက်နှာ ရှေ့မှာ ပေါ်လာသလို လို့ရှီးယန်၏နူးညံ့သိမ်မွေ့သောအသံက သူမ၏နားထဲသို့ ရောက်လာခဲ့သည်။ "နောက်ထပ် ထည့်စရာ ရှိသေးလား ဖတ်ကြည့်လိုက်ပါဦး"

  ကျွော့ချင်းက အောက်ကို တစ်ချက်ငုံ့ကြည့်ကာ ခေါင်းခါလိုက်ပြီး သူ့ကို ပြုံးပြကာ "ဖတ်ကြည့်စရာမလိုပါဘူး၊ ရှင် ဆုံးဖြတ်လိုက်ရင်ရပြီ"

ဒါက မင်္ဂလာဆောင်အတွက် ဧည့်သည်စာရင်း ဖြစ်နိုင်ပြီး တကယ်တော့ သူမမှာ ဖိတ်ခေါ်ရမယ့်သူတောင် မရှိပါဘူး။ ချင်းဖုန့်ရေးပေးလိုက်တဲ့စာအရ "ဆွေမျိုး"လို့   ပြောတဲ့တွေ အားလုံးကတော့ သူမ ဖတ်သည်ဖြစ်စေ၊ မဖတ်သည်ဖြစ်စေ ထူးခြားမှု မရှိပါဘူး။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now