CH- 89

1.1K 124 1
                                    

 အခန်း ၈၉ ရှေ့တိုးရန် နောက်တစ်လှမ်းဆုတ်ခြင်း

  အရိပ်များက အဝေးဆီမှ အနီးသို့ အရှိန်အဟုန်ဖြင့် ရွေ့လျားလာနေခဲ့သော်လည်း ခြေသံများက အနည်းငယ် ထိတ်လန့်နေပုံရသည်။ ကျွော့ချင်းက တစ်ဖက်တွင် လူလေးယောက်ရှိနေသည်ကို တွေ့လိုက်ရပြီး အားလုံးက ဓားရှည်များကို ကိုင်ဆောင်ကာ ရှေ့သို့ ပြေးလာနေကြသည်။ သူတို့က အနောက်မှ လမ်းကို ခဏခဏပြန်လှည့်ကြည့်ရင်း ထိတ်လန့်တကြားဖြင့် ပြေးလာနေသယောင်ဖြစ်နေကာ တစ်စုံတစ်ယောက်ကို ရှောင်ရှားနေကြပုံရသည်။ မော့ဘိုင်ကတော့ သူ၏နိုးကြားမှုကို လျော့မချသေးဘဲ အဆင်သင့် မတ်တပ်ရပ်နေပုံ‌ပေါ်သည်။ ကျွော့ချင်းက သူ့နောက်တွင် ရပ်နေကာ ဘာဆက်ဖြစ်လာမည်ကို စောင့်ကြည့်နေခဲ့သည်။

  ထိုလူများက သူမတို့အနီးသို့ ရောက်လာချိန်တွင် ထိုလူများထဲမှတစ်ချို့က ကျွော့ချင်းနှင့် မော့ဘိုင်ကို တွေ့ရှိသွားကြသည်။ မော့ဘိုင်က သူ့နောက်တွင် ကျွော့ချင်းကို ကာကွယ်ပေးထားရင်း သူ့၏အပြာရောင်မျက်လုံးများမှ အေးစက်သော ရောင်ဝါများကို ထုတ်ဖော်ပြသနေခဲ့သည်။ ကျွော့ချင်းက ရုတ်တရက် မော့ဘိုင်ထံမှ ထူးဆန်းသောခံစားချက်တစ်ခုကို ခံစားလာရသည်။ သူ့ပတ်ဝန်းကျင်မှ လေထုက ကွဲပြားသွားပုံရနေပေမယ့် သူမက မဖြစ်နိုင်ဘူးဟု တွေးနေမိပြန်သည်။ ဒါက သူမရဲ့ ထင်ယောင်ထင်မှားဖြစ်နေတာ ဖြစ်နိုင်တယ်။

  ရောက်လာသူလေးယောက်ကတော့ မော့ဘိုင်၏ လူသတ်ချင်စိတ်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရပြီး သူတို့က မော့ဘိုင်ကို စူးစူးရဲရဲ စိုက်ကြည့်နေကြသော်လည်း ကမူးရှူးထိုး မပြုဝံ့ကြပေ။ သူတို့၏ခြေလှမ်းများက ရှေ့သို့ အရှိန်အဟုန်ဖြင့် လျင်မြန်စွာ ပြေးလွှာနေကြဆဲဖြစ်ကာ သူမတို့ နံဘေးမှ ဖြတ်သွားခါနီးတွင် လမ်းဘေးမှ အနီရောင်အရိပ်တစ်ခု ခုန်ထွက်လာခဲ့သည်။ ကျွော့ချင်းက အံ့သြတကြီး ငေးကြည့်နေမိသည်။ ခုန်ထွက်လာသူက လေမရှိသောအရပ်မှ ထွက်ပေါ်လာသလို့ လေတိုးသံတောင် မကြားရဘဲ သရဲတစ္ဆေတစ်ကောင်လို အလွန်လျင်မြန်ပေါပါးစွာ ရောက်ရှိလာခဲ့သည်။ ထိုပုံရိပ်က ဖြိုးခနဲ ဖျက်ခနဲ လှုပ်ရှားသွားခဲ့ပြီး ဘာမှန်မသိလိုက်ဘဲ သူမတို့ရှေ့မှ လူလေးယောက်နှင့် ‌ရောထွေးသွားခဲ့ပြီး အသက်ဝင်နေသော မြွေတစ်ကောင်နှင့်တူသော အနီရောင်တောက်တောက် ကြာပွတ်တစ်ချောင်းက သူတို့သွားရာလမ်းကို ပိတ်ဆို့ထားခဲ့သည်။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now