အခန်း ၅၉ ချင်းမော့နှင့်ကုယွင်
ကျွော့ချင်းက စားပွဲပေါ်ရှိ ငွေအပ်များကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမရှေ့မှ ထိမိတာနဲ့ ကျိုးကြေသွားနိုင်ပုံရသည့် နူးညံ့သိမ်မွေ့သော မိန်းမငယ်လေးကို ကြည့်လိုက်ပြီး စိုးရိမ်သောကရောက်နေတော့သည်။
ကျွော့ချင်းက သူမလက်ထဲတွင် ငွေအပ်ကို ကိုင်ထားရင်း မိန်းခလေးငယ်လေး၏နားရွက်နားသို့ တိုးတိုးလေး ပြောလိုက်သည်။ "ယွင်၊ နင် မနိုးလာရင် ငါ အပ်နဲ့ထိုးတော့မှာနော်!"
သူမ မူလနာမည် ကုယွင်လို့ ခေါ်ပြီးပြီလေ။ တကယ်ဆို နိုးနေသင့်နေပြီလို့...
အိပ်ယာပေါ်တွင် မလှုပ်မယှက်ဖြစ်နေသော မိန်းမငယ်လေးအား စိုက်ကြည့်ရင်း ကျွော့ချင်းက အနည်းငယ် စိတ်ပျက်သွားမိသည်။ သူမ တကယ်ပဲ ကုယွင် မဟုတ်ဘူးလား??? ကျွော့ချင်းက သူမလက်ထဲတွင် ငွေအပ်တစ်ချောင်းကို ကိုင်ထားရင်း ခဏတာမျှ တုံ့ဆိုင်းနေပြီးမှ ချင်းမော့၏လက်မောင်းကို အပ်ဖြင့်ထိုးရန် ရှေ့တိုးဖို့ ခြေလှမ်းပြင်လိုက်သည်။
အပ်က လက်မောင်း မထိုးမိခင်လေးမှာ သွယ်လျသောလက်တစ်ဘက်က ကျွော့ချင်း၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လာသည်။ အိပ်ရာပေါ်မှ မိန်းခလေးက ရုတ်တရက် မျက်လုံးပွင့်လာပြီး ကုတင်ဘောင်ကို တစ်ဝက်ခန့် ကျောမှီထိုင်လိုက်ပြီး ကျွော့ချင်းကို စိုက်ကြည့်ကာ "နင်က ငါကို တကယ်ထိုးချင်နေတယ်ပေါ့!"
ကျွော့ချင်းက မျက်ခုံးပင့်လိုက်ပြီး "နင် ဘယ်လိုထင်လဲ!" ဟု ပြန်ဖြေလိုက်သည်။ နောက်ဆုံးတော့ သူမက အလျှော့ပေးပြီး နိုးထလာခဲ့သည်။
သူမရှေ့မှ မိန်းခလေးတွင် ခါးထိရှည်သောဆံပင်နှင့် နှင်းဖြူရောင် အသားအရေဖွေးဖွေးလေး ရှိနေသော်လည်း သူမ၏ပန်းရောင်သန်းနေသော ချစ်စဖွယ် မျက်နှာပေါ်တွင် အမာရွတ် နှစ်ခု ရှိနေသည်။ ထိုအမာရွက်နှစ်ခုက အရမ်းကို စိတ်အနှောက်အယှက်ဖြစ်စေသောကြောင့် ကျွော့ချင်းကဲ့သို့သော အမျိုးသမီးပင် သူမကို မြင်သောအခါ သနားမိလာသည်။ သူမ၏မျက်လုံးဝိုင်းဝိုင်းလေးကြောင့် သူမက ကြောင်ဖြူလေးတစ်ကောင်နှင့်တူသော်လည်း ထိုမျက်လုံးများအတွင်းမှ စူးရှထက်မြက်သော အလင်းတန်းများက ကျွော့ချင်းကို စိတ်သက်သာရာရသွားစေသည်။ အဲ့တာက တကယ်ကို ကုယွင်ရဲ့အမူအရာဖြစ်နေပေမယ့်....
YOU ARE READING
နာကြည်းမှုတွေ လွင့်ပျယ်စေ...
Historical Fiction"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)"