CH- 29

1.8K 199 4
                                    

အခန်း ၂၉ ချမ်ကျင်း

  ရေပူစမ်းဥယျာဉ်၏ အဓိကခန်းမတွင်...

  လရောင်က ဆွဲဆောင်မှုရှိစွာ လှပနေပြီး စိတ်ကူးယဥ်ဆန်နေသည်။ ညလေညင်းက တိုက်ခတ်နေပြီး ပန်းရနံ့များက လူများကို လန်းဆန်းစေသည်။ သစ်ပင်များနှင့်မြက်ပင်များမှ ထွက်လာသော စိမ်းစိုစိုရနံများနှင့် မြူခိုးများဖြင့် ဝေနေသော ရေနွေငွေ့များက အခန်းတွင်းသို့ ဝင်ရောက်နေသလို တွန့်လိမ်နေသော ဖယောင်းတိုင်မီးတောက်များဖြင့် တောက်ပသော ခန်းမဆောင်တွင်လည်း လက်ဖက်ရည်၏ ရနံ့များဖြင့် ပြည့်နှက်နေသည်။ အရာအားလုံးက အရမ်းလှပနေပေမယ့် လေထုက နည်းနည်းတော့ စိုးရိမ်စရာဖြစ်နေသလို နည်းနည်း အဆင်မပြေဖြစ်နေပြီး ထူးဆန်းနေသည်။

လို့ရှီးယန်နှင့် ကျွော့ချင်း နှစ်ယောက်စလုံးက ရေစိုအဝတ်အစားများကို ၀တ်ဆင်ထားပြီး လို့ရှီးယန်က ပင်မထိုင်ခုံတွင် ထိုင်နေပြီး လက်ထဲတွင် လက်ဖက်ရည်ခွက်ကို ကိုင်ထားသည်။ သူ့နှုတ်ခမ်းထောင့်များက အနည်းငယ် ကြွလာကာ အနည်းငယ် ကျဉ်းမြောင်းနေသည့် မျက်လုံးများက သူ့လက်ထဲမှ လက်ဖက်ရေခွက်ထဲမှာ မျောနေတဲ့ လက်ဖက်ရွက်ကို တိတ်တဆိတ် စိုက်ကြည့်နေသည်။ သူ့ပုံစံကြောင့် သူ ပျော်ရွှင်နေလား ဒေါသထွက်နေလားဆိုတာ ပြောဖို့ခက်နေသည်။

ချမ်ကျင်းက အခန်းရှေ့တွင် တစ်ဝက်တစ်ပျက် မှီရပ်နေပြီး လက်ထဲတွင် ပုစဉ်းရင်ကွဲ အတောင်ပံများကဲ့သို့ သေးငယ်သော ဓားပျံကို ဆော့ကစားနေသည်။ သူ့မျက်နှာက ပျင်းရိငြီးငွေ့မှုနှင့် စိတ်မရှည်မှုတို့ဖြင့် ပြည့်နှက်နေသည်။ မော့ဘိုင်က လို့ရှီးယန်အနားတွင် ရပ်နေပြီး စူးရှသော အပြာရောင် မျက်လုံးတစ်စုံက ချမ်ကျင်း၏လက်ထဲမှ ဓားသွားကို သတိထားပြီး စိုက်ကြည့်နေသည်။

ကျွော့ချင်းက လက်တစ်ဖက်တွင် မုန့်တစ်ခုကို ကိုင်ထားပြီး ကျန်တစ်ဖက်တွင် လက်ဖက်ရည်ခွက်ကို ကိုင်ထားသည်။ အဆုံးတွင် သူမက အခန်းအတွင်းမှ လျှို့ဝှက်စွာ ယှဉ်ပြိုင်နေကြသော လူအုပ်စုကို လုံးဝ လျစ်လျူရှုလိုက်ပြီး ဘေးအကျဆုံးထိုင်ခုံတွင် ဝင်ထိုင်ကာ အေးအေးလူလူ စားသောက်နေတော့သည်။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now