CH- 82

1K 130 0
                                    

အခန်း ၈၂ သူရဲကောင်းက အလှလေးကို ကယ်တင်

  တော်ဝင်စာကြည့်ဆောင်တွင်...

  ကြီးမားသော စားပွဲရှည်ကြီးပေါ်တွင် လျောက်တင်လွှာများ အစုလိုက် အပုံအလိုက် ရှိနေသည်။ အခမ်းအနား နီးကပ်လာသည်နှင့်အမျှ ဌာနတစ်ခုစီတွင် လုပ်စရာများ ပိုများလာပြီး ဧကရာဇ်ထံသို့တင်သွင်းသော လျောက်တင်လွှာများကလည်း ပိုမိုများပြားလာခဲ့သည်။

တိုင်းပြည်၏ဘဏ္ဍာတိုက်အတွက် ငွေများ အရေးတကြီးလိုအပ်နေသောကြောင့် ဧကရာဇ်က စုလင်းကို အခိုးခံလိုက်ရသော ရွှေများကို ပြန်ရစေရန် ခိုင်းစေခဲ့သည်။ ချုံယွဲ့ကဲ့သို့ တိုင်းပြည်ကြီးတစ်ခုအနေဖြင့် ရွှေများကို ပြန်မရခဲ့လျှင်တောင် ကြီးကျယ်ခမ်းနားသော အခမ်းအနားတစ်ခုကို ကျင်းပနိုင်မည်ဖြစ်သော်လည်း ခိုးယူခံထားရသော ဘဏ္ဍာတော်ငွေများကို ပြန်လည်ရယူနိုင်ခဲ့ပါက အလွန်ကောင်းမွန်ပေလိမ့်မည်။

 ယန်းဟုန်ထျန်းက သူ့လက်ထဲမှ နောက်ဆုံးလျောက်တင်လွှာကို ပြန်လည်သုံးသပ်ပြီးနောက် နောက်ဆုံးတွင် သူ့ဘေးနားတွင် လက်ဖက်ရည်သောက်ရင်း အေးအေးဆေးဆေး ထိုင်နေသော လို့ရှီးယန်ကို ကြည့်လိုက်သည်။ သူကိုယ်တိုင်က သေတော့မလို အလုပ်များနေသော်လည်း တစ်ဖက်လူက အားလပ်နေပြီး စိတ်အေးလက်အေး ဖြစ်နေတာကြောင့် ယန်းဟုန်ထျန်း၏မျက်နှာက မဲမှောင်လာကာ အေးစက်စွာ နှာမှုတ်လိုက်သည်။ "ပွဲအတွက် ပြင်ဆင်မှုတွေ ဘယ်လိုရှိလဲ"

  လက်ဖက်ရည်သောက်နေသော လို့ရှီးယန်က ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး ယန်းဟုန်ထျန်း၏ အေးစက်သော မျက်နှာကို လျစ်လျူရှုလိုက်ကာ "အားလုံးက အဆင်ပြေပါတယ်။ စီမံရေးဌာနနဲ့ ဘဏ္ဍာငွေဌာနက လိုအပ်တဲ့ အသုံးစရိတ်တွေကို သေချာစီစစ်ပြီး အခမ်းအနားအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေကို စနစ်တကျ ပြင်ဆင်ထားပြီးပါပြီ။ ဒီနှစ်ကျင်းပမယ့်ပွဲက သေချာပေါက် လွန်ခဲ့တဲ့ သုံးနှစ်ကထက် ပိုခမ်းနားနေပါလိမ့်မယ်။ ဒါပေမယ့် တိုင်းပြည်အသီးသီးက သံတမန်တွေ စုဝေးရောက်ရှိလာမှာ ဖြစ်ပြီး ‌ဒေသအသီးသီးက ကုန်သည်တွေနဲ့ မြင့်မြတ်တဲ့ မိသားစုတွေကလည်း မြို့တော်ကို လာရောက်လည်ပတ်ကြမယ်။ မြို့တော်မှာ လူတွေရောထွေးနေမှာ ဖြစ်တာကြောင့် အမှားအယွင်း မရှိရအောင် ဒီဝန်ကြီးချုပ်ရဲ့တရားရေးဌာနက စစ်မက်ရေးရာဌာနနဲ့ အမြန်ဆုံး ညှိနှိုင်းပြီး လုံခြုရေးအတွက် တပ်ဖြန့်ဖို့ စီစဥ်ထားပါတယ်၊ အခက်အခဲ တစ်စုံတရာ မရှိစေရပါဘူး"

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now