CH- 28

1.8K 201 8
                                    

အခန်း ၂၈၊ အထောက်အထား စိစစ်ခြင်း

  လူဆိုးတစ်ယောက်လား? လို့ရှီးယန်က မျက်ခုံးကို အနည်းငယ် ပင့်တင်လိုက်ပြီး သူ၏ မျက်လုံးများပေါ်တွင် လိမ္မာပါးနပ်သော အပြုံးတစ်ခု ပေါ်လာသည်။ ကောင်းပြီ၊ ဒါဆို သူက တကယ့် လူဆိုးရဲ့အပြုအမူကို ပြပေးရမှာပေါ့ . . . . .

  ကျွော့ချင်းက လို့ရှီးယန်၏တုံ့ပြန်မှုကို စောင့်ဆိုင်းနေခဲ့သော်လည်း တစ်ဖက်မှ ဘာသံမှ မထွက်လာတဲ့အပြင် ရေသံကိုတောင် မကြားရတော့ပေ။

  "ဟမ်~" ရုတ်​တရက်​ တိုးတိုး​လေးတစ်ခု ထွက်လာပြီး​နောက်​တွင်​ ​ရေ​သံများ ထွက်ပေါ်လာပြန်သည်​။

  ဘာဖြစ်တာလဲ? ကျွော့ချင်းက ကျောက်တုံးများကို မှီထားရင်း ဂရုတစိုက် နားထောင်လိုက်သည်၊ ဆန့်ကျင်ဘက်အခြမ်းမှ စမ်းရေစီးသံနှင့်အတူ အသက်ရှုသံများ ထွက်ပေါ်လာသည်။ ကျွော့ချင်းက တိကျစွာ မကြားနိုင်ဘဲ ချီတုံချတုံဖြစ်နေကာ "လို့ရှီးယန်?"

  "ကိုယ်... အဆင်ပြေပါတယ်..." သူက ပြတ်တောင်းပြတ်တောင်း ပြန်ဖြေလာပြီး ကျွော့ချင်းက သူပြောတာကို ရှင်းရှင်းလင်းလင်းမကြားနိုင်ပေမယ့် သူစကား‌ပြောရတာ ခက်ခဲနေတာကို နားလည်နေဆဲဖြစ်သည်။ "လို့ရှီးယန်၊ ရှင် ဘာတွေဖြစ်နေတာလဲ?!"

ပန်းနာရင်ကျပ်ပြန်ထနေတာတော့ မဟုတ်ဘူးမလား?

  "လို့ရှီးယန်၊ လို့ရှီးယန်၊ ကျေးဇူးပြု၍ စကားပြန်ပြောပါ" ကျွော့ချင်းက အကြိမ်ပေါင်းများစွာ အော်နေပေမယ့် တစ်ဖက်က သူက အသက်ရှုသံကိုဘဲ တုံ့ပြန်နေသည်။ သူ့ပတ်ဝန်းကျင်မှာ စီးဆင်းနေတဲ့ ပူနွေးတဲ့ရေတွေက ကျွော့ချင်းကို ပိုလို့တောင် စိတ်ပူသွားစေပြီး မနေ့ညက ရောဂါခံစားနေရတဲ့ သူအသွင်အပြင်ကို ပြန်တွေးမိပြီး ကျွော့ချင်းက စိုးရိမ်လာကာ "မျက်လုံးပြာ! မျက်လုံးပြာ...ရှင် ရှိနေလား?"

  "မော့ဘိုင် -မော့ဘိုင် -" သူမ၏ အော်သံက ပူနွေးသော ရေပူစမ်းရေကန်တွင် ပဲ့တင်ထပ်နေပေမယ့် သူမ မျှော်လင့်ထားသည့် တုံ့ပြန်မှုက ထွက်ပေါ်လာခြင်း မရှိပေ။ တစ်ဖက်မှ လေးလံသော အသက်ရှုသံကလည်း ပို၍ မြန်လာသည်။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now