CH- 17

1.9K 195 3
                                    

အခန်း ၁၇ - ဝံပုလွေတွင်းထဲသို့

  သွေးနံ့က မုတ်ဆိတ်နဲ့လူကို စိတ်ပျက်အားငယ်လုနီးပါး ဖြစ်အောင်လှုံ့ဆော်ပေးနေသည်။ သူ့နဖူးရှိ သွေးကြောများက ထောင်နေပြီး မျက်လုံးများက နီရဲနေကာ ‌ရှေ့မှလူကို စိုက်ကြည့်နေရင်း "မင်းက ငါ့ကို သတ်ခိုင်းနေတာ၊ မင်းက ငါ့ကို လူသတ်ဖို့ တွန်းအားပေးနေတာ"

သူက အော်ဟစ်နေရင်း ကျွော့ချင်း၏ဖြူဖွေးနုနယ်သောလည်ပင်းပေါ်သို့ ဓားကို သုတ်လိုက်သည်။ ကျွော့ချင်း၏နှလုံးသားက တင်းကျပ်သွားသည်။ မုတ်ဆိတ်နဲ့လူက သူမ၏ပခုံးကို အခြားလက်ဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတာကြောင့် ကျွော့ချင်းက မလှုပ်ရှားနိုင်ပေ။ သူမ သေဖို့ပဲစောင့်နိုင်တော့တယ်။

  မုတ်ဆိတ်နဲ့လူက ဓားကို မြှောက်ပြီး ပြန်ချလိုက်ချိန်မှာ အပြာရောင် ဝတ်အမျိုးသားရဲ့ ဖီးနစ်မျက်လုံးတွေက မော့ကြည့်လာသည်။ သူလက်ကို မြှောက်လိုက်တဲ့အချိန်မှာ သစ်ရွက်အရွယ်အစားလောက်ရှိတဲ့ ဓားတစ်စင်းက ပုစဉ်းရင်ကွဲတွေ အတောင်ခတ်ပြီး ပျံနေသလို မြန်မြန်ဆန်ဆန် ပြေးထွက်လာသည်။ ကျွော့ချင်းက အလွန်ပြင်းထန်သော လေတိုက်ခတ်မှုကို ခံစားလိုက်ရပြီး သူမ၏လည်ပင်းက ရုတ်တရက် ပူလာပြီး သူမ၏လည်ပင်းပေါ်သို့ သွေးများ စီးကျလာသည်။

  "အား!" ဝက်တစ်ကောင်အသတ်ခံလိုက်ရသလို အော်ဟစ်သံနှင့်အတူ မုတ်ဆိတ်နဲ့လူ၏လက်ထဲမှ ဓားက မြေပြင်ပေါ်သို့ ကျသွားသော်လည်း သူ၏လက်တစ်ဖက်က ကျွော့ချင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး လက်မလွှတ်ခဲ့ပေ။

  တောက်!

  ဓါး၏ခြိမ်းခြောက်မှု မရှိတော့တာကြောင့် ကျွော့ချင်းက အခွင့်အရေးကို ဆုပ်ကိုင်လိုက်သည်။

  သူမက ညာတံတောင်ဆစ်ကို ဘယ်လက်နဲ့ ဆုပ်ကိုင်လိုက်ပြီး ညာလက်နဲ့ ဘယ်ဘက်ပခုံးကို အုပ်လိုက်ကာ ရပ်တည်ချက်ကို တည်ငြိမ်စေပြီး ဆွဲငင်အားရဲ့ အလယ်ဗဟိုကို နှိမ့်ချကာ ညာဘက်ပခုံးကို လျှော့ချကာ ခါးကို ဘယ်ဘက်ခြမ်းကို လိမ်ထားကာ တွန်းထုတ်လိုက်သည်။ တဘက်လူက ဒေါင်လိုက် တွန်းထုတ်ခံလိုက်ရပြီး အောက်ကို လဲကျသွားသည်။ ကျွော့ချင်းက မျက်လုံးများကိုမှိတ်ကာ ကုယွင်သင်ပေးထားသော နပန်းသတ်နည်းများထဲမှ တစ်ခုကို တိတ်တိတ်လေး ရွတ်ဆိုနေရင်း မုတ်ဆိတ်နဲ့လူကို ပြင်းပြင်းထန်ထန် တွန်းထုတ်ရန် သူမ၏ ခွန်အားရှိသမျှကို အသုံးပြုခဲ့သည်။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now