CH-69

1.1K 133 1
                                    

  အခန်း ၆၉ လူသတ်သမား (အပိုင်း ၂)

  မူလက မှောင်မိုက်သောအခန်းထဲသို့ နေရာတိုင်းမှ မီးရှူးမီးတိုင်များ၏အလင်းရောင်များ ဝင်ရောက်လာပြီး လင်းထိန်လာတာကြောင့် အတွင်းပိုင်းရှိ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ဒါဇင်နဲ့ချီတဲ့ ရုံးတော်အမှုထမ်းတွေက အုတ်ကြွပ်မိုးထားတဲ့ အိမ်ငယ်လေးတဝိုက်မှာ ချုံခိုပုန်းအောင်းနေခဲ့ပြီး ခြံရဲ့အလယ်မှာ ရပ်နေတဲ့လူတစ်စုမှာတော့ ရှန်ယုလန်နဲ့ ကုယွင်တို့ ပါဝင်နေသည်။

 အနက်ရောင်ဝတ်လူက အစောပိုင်း ခနလောက် အထိတ်တလန့်ဖြစ်သွားပြီးနောက် ဝိုင်းရံခံလိုက်ရသည့်အန္တရာယ်ကို ရှင်းရှင်းလင်းလင်း မြင်ပြီးနောက် ပြန်လည်ငြိမ်သက်သွားခဲ့သည်။ သူက တံခါးအပြင်ဘက်ရှိ လူတစ်စုကို အေးစက်သောမျက်လုံးတစ်စုံဖြင့် ကြည့်နေကာ သူ့လက်ထဲမှ ဓားရှည်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်သည်။

  "ရန်သခင်မ၊ အရှုံးပေးလိုက်ပါတော့၊ မင်း လွတ်မြောက်ဖို့ လမ်းမရှိတော့ဘူး"

ကုယွင်ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားပေမယ့် ရှန်ယုလန်က နေရာတွင်ပင် ရပ်နေခဲ့သည်။ ကုယွင်က သူမလက်ကို ဝှေ့ယမ်းပြီး ဘာမှမထူးခြားတဲ့ အမူအရာနဲ့ အိမ်ထဲဆီသို့ လျှောက်သွားလိုက်သည်။

  ရှန်ယုလန်၏ မျက်နှာက မည်းမှောင်သွားသည်။ သူမက အမှုကိစ္စများကို စုံစမ်းရာတွင် အလွန်တော်ကြောင်း သူ သိသော်လည်း ရာဇ၀တ်သားက သူမကို ဖမ်းဆီးပြီး ခြိမ်းခြောက်ဖို့ အသုံးချပါက ပိုမို ဆိုးရွားသွားပေလိမ့်မည်။

  သူက သူမကိုတားဖို့ ခြေလှမ်းပြင်နေတုန်းမှာဘဲ သူ့အင်္ကျီလက်ကို ရုတ်တရက် အဆွဲခံလိုက်ရသည်။ ရှန်ယုလန် လှည့်ကြည့်လိုက်တော့ ကျွော့ချင်းက သူ့ကို ခေါင်းခါပြနေပြီး ငြိမ်သက်နေဖို့ အချက်ပြနေတာကို တွေ့လိုက်ရသည်။

ကျွော့ချင်းက အလျင်စလို မလုပ်ဖို့ ပြောနေပြီဆိုမှတော့ ချင်းမော့မှာ အစီအစဥ် ရှိကောင်းရှိနိုင်တယ်။ သူက သူ့အစီအစဥ်အတိုင်း ချုံခိုဝိုင်ရံထားတဲ့ လေးသမားကို တစ်ချက်ငဲ့ကြည့်လိုက်ပြီး အိမ်ထဲမှ အနက်ရောင် ၀တ်ထားတဲ့ လူကို မြှားရှည်များနဲ့ ချိန်ထားရန် အချက်ပြလိုက်သည်။ သူမ နည်းနည်းလေး လှုပ်ရှားလိုက်တာနဲ့ သူမကို ဖြူကောင်တစ်ကောင်ကို ချက်ချင်း ပစ်သတ်လိုက်နိုင်သည်။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now