CH-61

1.5K 165 5
                                    

အခန်း ၆၁ လျှို့ဝှက်ဆန်းကြယ်သော ဓားပျံ

  "သေဆုံးသူရဲ့ ခန္ဓာကိုယ်မှာ ချွန်ထက်တဲ့လက်နက်နဲ့ အထိုးခံထားရတဲ့ ဒဏ်ရာ စုစုပေါင်း ၁၃ ချက်... လက်မောင်းမှာ ၄ ချက်၊ ခြေထောက်မှာ ၆ ချက်၊ ဝမ်းဗိုက်မှာ ၂ ချက်၊ ရင်ဘတ်မှာ ၁ ချက်... ဒဏ်ရာရဲ့အတိုင်းအတာက တစ်လက်မကနေ တစ်လက်မခွဲကြား ရှိပြီး ပျက်ရှဒဏ်ရာတွေက သိသိသာသာ ကျယ်မနေဘဲ သေသပ်နေတယ်၊ သေဆုံးရတဲ့ ဒဏ်ရာက ဘယ်ဘက်ခြမ်းမှာ ရှိတယ်၊ ရင်ဘတ်က နှလုံးနေရာမှာ ထိုးဖောက်ထားတဲ့ ထိုးသွင်းဒဏ်ရာ ဖြစ်တယ်။ ဒဏ်ရာက အရှည် တစ်လက်မခန့်ရှိပြီး လူသတ်လက်နက်က အသွားနှစ်ချက်ပါတဲ့ ချွန်ထက်တဲ့ လက်နက်ဖြစ်နိုင်တယ်"

  ရေခဲတုံးများဖြင့် ပြည့်နေသော အအေးခန်းထဲတွင် စုပုံထားသောရေခဲတုံးများကြောင့် လေစက်သော လေထုတစ်ခု ရှိနေပုံရသည်။ အဖုံးဖွင့်ထားသော ခေါင်းတလားများကို တန်းစီထားတာကြောင့် လူများကို တံတွေးကို မျိုချမိစေသည်။ လေမရှိသော်လည်း ဆီမီးခွက်များစွာက လေအေးကို ခံစားနေရပုံနဲ့ ပြင်းထန်စွာ လှုပ်ယမ်းနေကြသည်။ အခေါင်းထဲတွင် ညစ်နွမ်းသော မျက်နှာရှိသော အမျိုးသားတစ်ဦးက တင်းတင်းကျပ်ကျပ် လဲလျောင်းနေသည်။ သွယ်လျသောလက်တစ်စုံက သူ့ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာတိုင်းကို ဂရုတစိုက်စစ်ဆေး တိုင်းထွာနေသည်။ အေးစက်သောအမျိုးသမီးအသံက အကြောင်းအရာကို အသေးစိတ်ကျသည့်ပုံစံဖြင့် ပြောပြနေသည်။ ထိုသို့သောပတ်ဝန်းကျင်မျိုးက အနည်းငယ်အေးစက်ပြီး ကြောက်စရာကောင်းနေသည်။

  "သေဆုံးရတဲ့ အဓိကအကြောင်းရင်းက ရင်ဘတ်မှာရှိနေတဲ့ ဒဏ်ရာက နှလုံးအထိ ဖောက်ဝင်သွားပြီး နှလုံးသွေးကြောတွေ ပေါက်ပြဲပြီး ပြင်းထန်တဲ့ အတွင်းသွေးယိုစီးကို ဖြစ်စေခဲ့တယ်၊ သွေးတွေက အမြှေးပါးတွေကို ဖိမိတာကြောင့် အဆုတ်ကို ပါပျက်စီးစေပြီး အသက်ရှူလမ်းကြောင်းနဲ့ သွေးလှည့်ပတ်မှု ချို့ယွင်းသွားတာတွေကြောင့် သေဆုံးသွားခဲ့တယ်"

  နှလုံးမှ ပြင်းထန်သော ဒဏ်ရာကို ကြည့်ပြီးနောက် ကျွော့ချင်းက သူမ၏လက်ကို ဆန့်ထုတ်ကာ "ဓားပျံ" ဟု ပြောလိုက်သည်။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now