CH-60

1.7K 180 12
                                    

  အခန်း ၆၀ ကျွော့ချင်း၏ သံသယများ

  ယန်းဟုန်ထျန်းက ဘယ်လို လှည့်ကွက်တွေ ကစားချင်နေလဲ မသိတာကြောင့် ကျွော့ချင်းက သူမကိုယ်သူမ စိတ်ငြိမ်ငြိမ်ထားပြီး စောင့်ကြည့်ဖို့ သတိပေးနေလိုက်သည်။

  ကျွော့ချင်း၏ပခုံးများကို ကိုင်ထားသော လက်များက နူးညံ့နေပုံရသော်လည်း တစ်ဖက်လူကို လုံးဝ မလှုပ်ရှားနိုင်စေရန် တွန်းအားတစ်ခုဖြင့် ထိန်းထားခဲ့သည်။ ကျွော့ချင်းက ခေါင်းကို ဟိုဘက်သည်ဘက် ယိမ်းရုံလောက်သာ တက်နိုင်တော့သည်။

  ကံမကောင်းစွာနဲ့ပဲ ယန်းဟုန်ထျန်းက ဆက်ဆံရလွယ်ကူသောသူ မဟုတ်ပေ။ သူက ကျွော့ချင်း၏မေးစေ့ကို ကိုင်လိုက်ပြီး သူမ ခေါင်းလှည့်လို့မရအောင် ချုပ်ကိုင်ထားလိုက်သည်။ ယန်းဟုန်ထျန်းက သူ့နှုတ်ခမ်းကို သူမနားရွက်ဆီသို့ တိုးကပ်လာပြီး ယောက်ျားတစ်ယောက်၏အက်ရှရှအသံနှင့် အသက်ရှူသံပြင်းပြင်းက သူမနားဆီသို့ တိုးဝင်လာသည်။

"ဘာလို့လဲ?? ကျန်းကို တွေ့ရလို့ အရမ်းစိတ်လှုပ်ရှားနေလား? မင်းက ကျန်းကို ကြောက်နေတာလား"

  သူက သူ ဘာလုပ်နေတယ်လို့ တွေးနေတာလဲ???!

' ငါ ပျော်နေတဲ့အခါ မင်းကို ပရောပရည်လုပ်လို့ရပေမယ့် ငါ စိတ်မချမ်းသာတဲ့အခါ မင်းကို သတ်ပစ်မယ်' အဲ့လိုလား???

ကျွော့ချင်းက သူမနားရွက်ဆီမှ ပူလောင်နေသည့် ခံစားချက်ကို လျစ်လျူရှုလိုက်ပြီး အေးစက်စွာနဲ့ "ကျွန်မလည်ပင်းက အရမ်းနာနေပြီ"

 သူမအသံက ဒေါသတွေပါနေတုန်းပါပဲ။ ယန်းဟုန်ထျန်းက ကျွော့ချင်း၏ဒေါသကို ခံစားလိုက်မိတာကြောင့် အားရပါးရ ရယ်မောလိုက်ပြီး "စိတ်မပူပါနဲ့ ကျန်းက မင်းရဲ့ခေါင်းလေးကို အခုချက်ချင်းယူဖို့ ဆန္ဒမရှိသေးပါဘူး"

အင်း...ဇာတ်ကွက်အသစ်တွေ စပြန်ပြီပေါ့လေ...

  အခု ဆန္ဒမရှိသေးဘူးတဲ့လား။ ဆိုလိုတာက သူ စိတ်ဆိုးရင် သူတပါးကို အလွယ်တကူ သတ်ပစ်နိုင်တယ်!! သူ မပြောလိုက်တာကမှ ပိုကောင်းဦးမယ်။ အဲ့ဒီလို စကားမျိုးက တရားဥပဒေစိုးမိုးတဲ့ လူ့အဖွဲ့အစည်းမှာ ကြီးပြင်းလာတဲ့ ကျွော့ချင်းကို ပိုပြီး စိတ်ဆိုးစေခဲ့သည်။ သူမက အေးစက်စက်နဲ့ "ဒါဆို ကျွန်တော်မျိုးမက တကယ်ကို ကျေးဇူးတင်ပါတယ်! ကျွန်တော်မျိုးမ တောင်းပန်ပါတယ်၊ ကျွန်တော်မျိုးမကို သွားခွင့်ပြုပါ"

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now