CH-88

1.1K 124 0
                                    

အခန်း ၈၈ ပျောက်ဆုံးနေသော နှလုံးများ

  ကျွော့ချင်းက တရားစီရင်ရေးနှင့်အကျဥ်းဌာန၏ အလောင်းထားရာအခန်းသို့ တတိယအကြိမ်မြောက် ရောက်ရှိလာခဲ့ပြီး ရှန်ယုလန် သူမ၏နောက်ဆုံးအကြိမ် အကြံပြုချက်ကို အလုပ်ကောင်းကောင်းလုပ်ထားပုံပေါ်ကာ ယခုတစ်ကြိမ်တွင် ရင်ခွဲခန်းက အရင်နှစ်ခေါက်ကထက် အများကြီး အေးစက်နေပုံရသည်။ အခန်းထဲတွင် အမျိုးသမီး အလောင်း ၃ လောင်း တန်းစီထားပြီး မျက်နှာများက သာမန်အလောင်းများထက် သိသိသာသာ ဖြူဖျော့နေကာ ခန္ဓာကိုယ်များပေါ်တွင် ရင်ဘတ်မှဓားဒဏ်ရာ မှလွဲပြီး အခြားဒဏ်ရာ တစ်စုံတစ်ရာ မရှိခဲ့ပေ။ အလောင်းများတွင် ဒဏ်ရာအစက်အပျောက်ကလေးလောက်တောင် မရှိဘဲ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေသည်။

  ကျွော့ချင်းက ထူထဲသော ချည်သားမွေးအင်္ကျီကို ၀တ်ဆင်ထားပြီး သူမ၏ သေးသွယ်သော လက်များနှင့် စူးရှသော မျက်လုံးများက သေဆုံးသူများ၏ခန္ဓာကိုယ်များမှ အရေပြားနှင့်အသားများ၊ ဦးရေပြား၊ လက်ချောင်းများ၏အတွင်းပိုင်းများသာမက အခြားနေရာများကိုပင် ဂရုတစိုက် စစ်ဆေးနေခဲ့သည်။ ရှန်ယုလန်၊ လုကျင်းနှင့် ချန်ဟန့်တို့က သူမကို ဝန်းရံထားပြီး မော့ဘိုင်က ကျွော့ချင်း၏အနောက်ဘက် မနီးမဝေးနေရာတွင် မတ်မတ်ရပ်နေသည်။ သူက အဝတ်အစားထူထူ မဝတ်ထားသော်လည်း တုန်တုန်ယင်ယင် ဖြစ်မနေသလို သူ့မျက်နှာက အခန်းထဲက ရေခဲများနှင့် လိုက်ဖက်ညီနေလောက်အောင် အေးစက်နေခဲ့သည်။

  လုကျင်းနဲ့ ချန်ဟန့်တို့ နှစ်ယောက်စလုံးက ကျွော့ချင်းအကြောင်းကို အရမ်း သိချင်နေကြသည်။ သူတို့၏လူကြီးမင်းက သူမကို အလွန် လေးစားယုံကြည်နေပြီး သူမက အလောင်းကို ရင်ဆိုင်တဲ့အခါ အေးဆေးတည်ငြိမ်လွန်းနေကာ ခွဲစိတ်မှုလုပ်ထုံးလုပ်နည်းများနှင့် အတိုင်းအတာတစ်ခုအထိ ရင်းနှီးကျွမ်းဝင်နေပြီး ဆရာအဆင့်ကျွမ်းကျင်သူဖြစ်ကြောင်း သိသာနေသည်။

  ယခုတစ်ကြိမ်တွင် ကျွော့ချင်းက အလောင်းခွဲစိတ်မှုကို ခါတိုင်းကဲ့သို့ တစ်ခါတည်း ရှင်းပြခြင်း မပြုခဲ့ပေ။ ထိုအစား သူမက အလောင်းသုံးလောင်းကို သေချာကြည့်ရှုစစ်ဆေးပြီးနောက် သူမဘေးနားရှိ လူသုံးဦးကို ပြန်မော့ကြည့်လိုက်ကာ "အရင်ဆုံး မင်းရဲ့အလောင်းစစ်ဆေးမှုကို ရလဒ်ကို အကျဥ်းချုပ်ပြောပြ"

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now